အာဖဂန်မှ ကန်တပ်များ ဆုတ်ခွာခဲ့သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်

အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေ ဆုတ်ခွာခြင်း ပထမနှစ်ပတ်လည်နေ့ သြဂုတ် ၃၀ ရက် ညမှာ ကဘူးလ်မြို့တော်ရဲ့ ကောင်းကင်ယံမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ထွန်းညှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို အယ်လ်ကိုင်းဒါးတွေက ၂၀၀၁ စက်တင်ဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့အပြီး အမေရိကန်ဦးဆောင်တဲ့ တပ်တွေက အယ်လ်ကိုင်းဒါးတွေရှိရာ အာဖဂန်နစ္စတန်နိုင်ငံကို အောက်တိုဘာမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
တာလီဘန်တွေက အမေရိကန်ဦးဆောင်တဲ့ တပ်တွေကို နှစ် ၂၀ ကြာ တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ် ၃၀ ရက် ဒေသစံတော်ချိန် သန်းခေါင်ယံမတိုင်မီ တမိနစ်အလိုမှာ တာလီဘန်တို့ နှစ် ၂၀ ကြာ သူပုန်ထခဲ့တဲ့ အာဖဂန်နစ္စတန်ကနေ အမေရိကန်ဦးဆောင်တဲ့ စစ်တပ်တွေ ဆုတ်ခွာလို့ ပြီးဆုံးခဲ့တာပါ။
အဲဒီနေ့ကို တာလီဘန်တွေက ‘လွတ်လပ်ရေးနေ့’ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ နှစ်ပတ်လည်နေ့မှာ မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့သလို မြို့တော် ကဘူးလ်ရဲ့ နေရာအများအပြားမှာ အထိမ်းအမှတ်အနေနဲ့ လေကြောင်းကနေလည်း ပစ်ခတ်ခဲ့ပါတယ်။
တာလီဘန်အစိုးရက သြဂုတ် ၃၁ ရက်ကို နှစ်ပတ်လည်နေ့ အနေနဲ့ အများပြည်သူ ရုံးပိတ်ရက်အဖြစ် ကြေညာခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောခဲ့ပါတယ်။