close

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးဒဏ်ရာရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံရ

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ  စက်တင်ဘာ ၄ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား တယောက်သေဆုံးကာ လက်နက်ခဲယမ်းနဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့  KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပါတယ်။

ဒီမနက် ၆ နာရီခွဲလောက်က ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာအနီး စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီတပ်မတော် (KA)၊ KNDF B/10 တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

၄ နာရီကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိသူတွေလည်း ရှိခဲ့သလို MA-3 သေနတ် တလတ်၊ ခဲယမ်းနဲ့ကျည်ဆန်တွေ သိမ်းဆည်းရမိကာ ကရင်နီတပ်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဖူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီနေ့မွန်းလွဲ ၁ နာရီခွဲလောက်ကလည်း ဖရူဆိုမြို့နယ် ၊ ဒေါညေးခူကျေးရွာနဲ့ ထီးပေါ့ဆိုကျေးရွာများအနီး စစ်ကြောင်းထိုး တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကို KA ၊ KNDF B/04 ၊ B/15 တို့ပူးပေါင်းပြီး  ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Photo-KNDF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up