မန်ယူနိုက်တက်ညာခြမ်းတိုက်စစ်တွင် အန်တိုနီ ခြေစွမ်းပြခဲ့သဖြင့် နည်းပြတန်ဟတ်ဂ်ကျေနပ်

မနေ့ညက အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်ယူနိုက်တက် ကစားသမားသစ် အန်တိုနီ ညာတောင်ပံတိုက်စစ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အပေါ် နည်းပြတန်ဟတ်ဂ်က ချီးကျူးလိုက် ပါတယ်။
ဘရာဇီးကစားသမား အန်တိုနီဟာ ဟော်လန်ကလပ်အိုင်းယက်ကနေ မန်ယူအသင်းဆီကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အာဆင်နယ်နဲ့ ပထမဆုံးပွဲဦးထွက်ပွဲစဉ်မှာပဲ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အန်တိုနီဟာ သူ့ရဲ့အမြန်နှုန်းနဲ့ ဖန်တီးမှုစွမ်းဆောင်ရည်တွေအရ ညာတောင်ပံတစ်လျှောက်မှာ ခြိမ်း ခြောက်နိုင်စွမ်းရှိသူဖြစ်ပြီး အသင်းမှာလိုအပ်နေတဲ့နေရာဖြစ်တယ်လို့ နည်းပြတန်ဟတ်ဂ်ကပြော ပါတယ်။
“ကျနော်တို့မှာ ညာတောင်ပံနေရာအတွက် ကစားသမားလိုအပ်နေခဲ့တာပါ။ ဂျေဒန်ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ဟာလည်း အဲဒီနေရာမှာကစားပေမယ့် သူတို့အမှန်တကယ် ကစားချင်တာကဘယ် တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်မှာဖြစ်တယ်။ အခုချိန်မှာတော့ ညာတောင်ပံတစ်လျှောက်မှာ ခြေစွမ်းပြ နိုင်တဲ့အန်တိုနီရှိနေပြီ။ ဒါက ကျနော်တတို့ လိုအပ်နေတဲ့ အချိတ်အဆက်တစ်ခုဖြစ်တယ်” လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
အန်တိုနီအနေနဲ့ ပထမဆုံးပွဲစဉ်သာရှိသေးပြီး ပိုကောင်းလာ နိုင်တယ်လို့လည်း နည်းပြတန်ဟတ်ဂ်က ချီးကျူးသွားပါတယ်။
မနေ့ညက ပွဲစဉ်အပြီးမှာ မန်ယူအသက်ဟာ ၆ ပွဲကစား ၄ ပွဲနိုင် ၂ ပွဲရှုံး ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။