close

ကလေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာမှာ စက်တင်ဘာ ၂ ရက်က  မူးယစ်ဆေးဝါး ရောင်းသူနှစ်ယောက်နဲ့ သုံးစွဲသူတယောက်တို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ နတ်ချောင်းကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မူးယစ်ဆေးဝါး ၁၈ ဂရမ် ထည့်ထားတဲ့ ဆေးဘူး ၂ ဘူး၊ ဆပ်ပြာခွက်နဲ့ ထည့်ထားတဲ့ မူးယစ်ဆေးဝါး ၈ ဂရမ်၊ ပင်နီးစလင် ၇ လုံး၊ မူးယစ်ဆေးရောင်းရမှာ အသုံးပြုတဲ့ ၁၂၅ ဆိုင်ကယ်တစ်စီး၊ ဖုန်း ၃ လုံး၊ ငွေကျပ် ၂၇၆၂၀၀ တို့ကိုဖမ်းမိပြီး ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းလိုက်တယ်လို့ နတ်ချောင်း ပကဖ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဟာ ကလေးမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးစစ်ဆေးနေပြီး ဥပဒေနဲ့အညီ အရေးယူနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up