စပါးနှင့် သက်တမ်းမတိုးရန် ဟာရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းတိုက်တွန်း

စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်းကို အသင်းနဲ့ သက်တမ်းမတိုးဖို့ ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်တွန်းလိုက်ပါတယ်။
ဟာရီကိန်းဟာ ၂၀၂၄ ခုနှစ်အထိ စပါးအသင်းနဲ့ စာချုပ်သက်တမ်းရှိနေပြီး လာမယ့်နှစ်မှာ ရောင်းချခြင်းမပြုခဲ့ဘူးဆိုရင် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွါခွင့်ပေးရမှာပါ။
ဒီအခြေအနေကို ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းက စောင့်ကြည့်နေပြီး စပါးနဲ့ သက်တမ်းမတိုးဖို့ ဟာရီကိန်းကို တိုက်တွန်းထားတယ်လို့သိရပါတယ်။
ဂျာမန်သတင်းစာ BILD ရဲ့ ဘောလုံးသတင်းပိုင်းအကြီးအကဲဖြစ်သူ ခရစ္စတီယန်ဖော့ခ်ကလည်း အဲဒီသတင်းမှန်ကန်ပြီး နည်းပြနာဂယ်စမန်းဟာ ဟာရီကိန်းကို ခေါ်ယူလိုနေကြောင်း အတည်ပြုခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာဟတ်ဆန်ကတော့ လက်ရှိအချိန်မှာ အပြောင်းအရွှေ့ကိစ္စအကြောင်းပြောဖို့ အချိန်စောလွန်းသေးတယ်လို့ ပြောသွားပါတယ်။