ဗြိတိန်ဝန်ကြီးချုပ်သစ် ထရပ်စ် စွမ်းအင်ပြဿနာ ကိုင်တွယ်ဖြေရှင်းမည်ဟု ကတိပြု

ဗြိတိန်နိုင်ငံက ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် မာရီ အဲလိဇဘက် ထရပ်စ်ဟာ စက်တင်ဘာ ၆ ရက်မှာ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။
စွမ်းအင်အတွက် ကုန်ကျစရိတ် မြင့်တက်လာခြင်း၊ စီးပွားရေး ဆုတ်ယုတ်ကျဆင်းခြင်းနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ပဋိပက္ခတွေ မြင့်တက်လာခြင်းကြောင့် စစ်ပြီးခေတ်သမိုင်းမှာ ခေါင်းဆောင်တဦးအတွက် အကြောက်ဆုံးသော စိန်ခေါ်မှုများထဲမှ တခုကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းဖို့ ကတိပြုခဲ့ပါတယ်။
ထရပ်စ်ဟာ နိုင်ငံတွင်း လူနေမှုစရိတ် အကျပ်အတည်း၊ စွမ်းအင်ပြဿနာ နက်ရှိုင်းလာတာကို ကိုင်တွယ်ရာမှာ အရေးယူ ဆောင်ရွက်ဖို့နဲ့ အခွန်လျှော့ချ ဖြတ်တောက်ဖို့ စက်တင်ဘာ ၅ ရက်က ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံအပြီးမှာ ကတိပြုခဲ့ပါတယ်။
အရှုပ်တော်ပုံတွေကြောင့် ဖယ်ရှားခံခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ရဲ့ နောက်မှာ သက်တမ်း ၆ နှစ် တာဝန်ထမ်းဆောင်ရမယ့် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံခဲ့တာပါ။
စတုတ္ထမြောက် ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် ထရပ်စ်ဟာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုနဲ့ COVID-19 ကပ်ရောဂါကြောင့် ဆိုးရွားပြင်းထန်တဲ့ ကမ္ဘာလုံးဆိုင်ရာ လေဆန်ခရီးကို အသိအမှတ်ပြုခဲ့ပါတယ်။
ထရပ်စ်ဟာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်မခံရခင်က နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ပြီး ၂၀၁၉ ခုနှစ်တည်းက အမျိုးသမီးရေးနဲ့ တန်းတူညီမျှရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။