မဟာဗျူဟာမြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရုရှားသမ္မတ ကြီးကြပ်ကွပ်ကဲ

ရုရှားနိုင်ငံ အရှေ့ဖျားမှာ စက်တင်ဘာ ၆ ရက်က ကျင်းပနေတဲ့ မဟာဗျူဟာမြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သမ္မတ ဗလာဒီမာပူတင် ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။
သမ္မတပူတင်ဟာ ရုရှားနိုင်ငံ ပရီမိုစကီဒေသရှိ ဆာဂျီယက်ဖ်စကီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစခန်းမှာ ရှားကာကွယ်ရေးဝန်ကြီး ဆာဂီလ် ရွှိုင်ဂူနဲ့ ရုရှားစစ်ဦးစီးချုပ် ဗလယ်ရီ ဂျူဒါဆိုင်မော့စ်တို့နဲ့အတူ ကြီးကြပ်ကွပ်ကဲခဲ့တာပါ။
ဗိုစတော့ခ် ၂၀၂၂ ခုနှစ်လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁ ရက်က စတင်ခဲ့တာဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှားက သူ့ရဲ့ အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ သတ္တမလမှာ စစ်ရေးလေ့ကျင့်ခဲ့တာပါ။ လေယာဉ် ၁၄၀ နဲ့ ရေယာဉ် ၆၀ အပါအဝင် စစ်မှုထမ်း ၅၀,၀၀၀ ကျော် ပါဝင်လေ့ကျင့်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ဝန်ထမ်းတွေလည်း တပတ်ကြာ စစ်ရေးလေ့ကျင့်မှုကို တက်ရောက်ခဲ့ကြပါတယ်။
ဗလာဒီဗိုစတော့ခ်မြို့ရှိ အရှေ့စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ မစီစဉ်ခင် တရက်အလိုမှာ ပူတင်က စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာကြီးမှာ ဖြတ်သန်းနေတဲ့ နက်နဲတဲ့ အသွင်ကူးပြောင်းမှုတွေအတွက် အကဲဖြတ်ချက် ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။