close

တရုတ်နှင့် ရုရှား သမ္မတ ၂ ဦး ဥဇဘက်ကစ္စတန်တွင် တွေ့ဆုံဆွေးနွေးမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့   လာမယ့်သီတင်းပတ်မှာ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမ်မားကန်မြို့မှာတွေ့ဖို့ မျှော်လင့်ထားတယ်လို့ စက်တင်ဘာ ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံ အရှေ့ဖျားက ဗလာဒီဗိုစတော့ခ်မြို့မှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဥပဒေပြုလွှတ်တော်အမတ် လီကျန်းရှုနဲ့ တွေ့ဆုံချိန်မှာ ပူတင်က ခုလိုပြောတာလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁၅ ရက်ကနေ ၁၆ ရက်အထိ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးမှာ ရှီနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ပူတင်က ပြောပါတယ်။

ယူကရိန်းနိုင်ငံထဲမှာ ရုရှားအစိုးရရဲ့ စစ်ရေးဆောင်ရွက်ချက်တွေကြောင့် အနောက်နိုင်ငံတွေက ရုရှားကိုငြင်းနေလို့ အာရှ-ပစိဖိတ် စီးပွားရေးနိုင်ငံတွေနဲ့ ဆက်ဆံရေးဆိုတဲ့ ရုရှားရဲ့ အဓိက ဆောင်ပုဒ်အတိုင်း အရှေ့စီးပွားရေးဖိုရမ်မှာ ပူတင်က လီကျန်းရှုကို တွေ့ဆုံခဲ့တာပါ။ လီကျန်းရှုဟာ တရုတ်ကွန်မြူနစ်ပါတီမှာ နံပါတ် ၃ နေရာက ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

ရုရှားသမ္မတက ရုရှားနဲ့ တရုတ်ကြား ကုန်သွယ်မှု တိုးလာနေပြီး မကြာမီ ဒေါ်လာ ဘီလီယံ ၂၀၀ ရှိလာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အမေရိကန် ဦးဆောင်တဲ့ စုပေါင်းအနောက်အုပ်စု လွှမ်းမိုးထားတဲ့ ကမ္ဘာ့စနစ်သစ်တရပ်ကို အစားထိုး ဖွဲ့စည်းထားတယ်၊ ရုရှားသမ္မတနန်းတော်က ရင်းနှီးတယ်လို့ ယူဆတဲ့ နိုင်ငံတွေနဲ့ စီးပွားရေးကို ဆက်ထိန်းထားပြီး အားကောင်းလာမယ်လို့ ပူတင်က ဖိုရမ်အတွင်း ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up