နာပိုလီနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးပွဲ အဆိုးရွားဆုံးပွဲစဉ်ဖြစ်ဟု နည်းပြကလော့ပ်ပြော

ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ နာပိုလီအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာက လီဗာပူးနည်းပြဘ၀ မှာ အဆိုးရွားဆုံးပွဲစဉ်ဖြစ်တယ်လို့ နည်းပြကလော့ပ်က ဝန်ခံပြောကြားလိုက်ပါတယ်။
လီဗာပူးဟာ နာပိုလီနဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ပွဲချိန် ၄၇ မိနစ်အတွင်းမှာပဲ ၄ ဂိုးပေးခဲ့ရပြီး ပွဲအပြီးမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
အဲဒီပွဲစဉ်မှာ ပွဲထွက်ကစားသမား ၁၁ ဦးမှာ ၈ ဦးက ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပြီး တခြား ၃ ဦးဟာလည်း ထိပ်တန်းခြေစွမ်းမရှိခဲ့ဘူးလို့ နည်းပြကလော့ပ်က ပြောပါတယ်။
“အဲဒီပွဲကို ထပ်ခါတလဲလဲပြန်ကြည့်ခဲ့ပြီး အမှန်တကယ်ထိတ်လန့်စရာကောင်းခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့တယ်။ ဒီပွဲက ကျနော်အသင်းကို တာဝန်ယူပြီးနောက်ပိုင်း အဆိုးရွားဆုံးပွဲစဉ်လို့ ပြောလို့ရပါတယ်”လို့ နည်းပြ ကလော့ပ်ကပြောပါတယ်။
အဲဒီပွဲစဉ်က ခံစစ်ပိုင်းစွမ်းဆောင်ရည်ကိုလည်း နည်းပြကလော့ပ်ကဝေဖန်သွားခဲ့ပါတယ်။