close

မောင်တောမြောက်ပိုင်း ကျေးရွာများအနီး စစ်ကောင်စီတပ်က နေ့စဉ် ဗုံးကြဲနေ

ဓာတ်ပုံ - စက်တင်ဘာ ၁၂ ရက် နေ့ ဖားဝပ်ချောင်း ကျေးရွာအနီး စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်မှ ကြဲချခဲ့သည့် ဗုံးသီးခွံများအား တွေ့ရစဥ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေအနီး စက်တင်ဘာ ၁၃ ရက် မနက် ၂ နာရီလောက်မှာ  စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဥ်နဲ့ ၃ ရက်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံရွာသားတဦးက “မနက် ၂ နာရီလောက်မှာ ဂျက် နှစ်စီးနဲ့ လာပြီး ဗုံးလာချတာပါ။ မင်းကြီး၊ ဂြစ်ချောင်းနဲ့ တရိမ်းကျေးရွာတွေမှာ လာချသွားတာပါ။ ရွာသူရွာသားတွေကတော့ ရွာတွေကို ချလာမှာကို စိုးရိမ်နေကြပါတယ်”လို့ ပြောပါတယ်။

မောင်တောမြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချနေတဲ့အပေါ် ဒေသခံစစ်ရေးလေ့လာသူတဦးက “စစ်ကောင်စီက အေအေ ရှိတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်ဆိုတော့ ကျန်ကျေးရွာတွေကိုလည်း ဗုံးကြဲချလာနိုင်တယ်။ လူအင်အားနဲ့တိုက်မနိုင်တော့ လက်နက်အင်အားနဲ့ တိုက်တာပေါ့ဗျာ”လို့ ပြောတယ်။

စက်တင်ဘာ ၁၂ ရက် မနက် ၂ နာရီကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ဖားဝပ်ချောင်း ကျေးရွာအနီး ဗုံး ၅ လုံးကြဲချခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်  မနက် ၄ နာရီခွဲမှာလည်း စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးနဲ့ အေအေ သိမ်းပိုက်ထားတဲ့ ခမရ (၃၅၂) တပ်ရင်း စခန်းနဲ့  ကျေးရွာ ၇ ရွာအနီး ဗုံးကြဲခဲ့လို့  ဒေသခံ ၄၀၀ ကျော် နေရပ်စွန့်ထွက်ပြေးခဲ့ကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up