ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးမသတ်သေးဟု WHO ပြော

ကမ္ဘာကြီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်ဖို့ ပိုကောင်းတဲ့အနေအထားမှာ မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက စက်တင်ဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
လူ ခြောက်သန်းကျော် သေဆုံးခဲ့ပြီး နှစ်ချီကြာနေတဲ့ ကျန်းမာရေး အကျပ်အတည်းအပေါ် သူ့ရဲ့ အကောင်းအမြင်ဆုံး မျှော်မှန်းချက်ကို ပြောလိုက်တာပါ။
WHO ညွှန်ကြားရေးမှူးချုပ် တေဒရို အဒ်ဒါနွန် ဂေဘရီယေးဆပ်က “ကျနော်တို့ မရောက်သေးပါဘူး။ ဒါပေမဲ့ အဆုံးကတော့ မြင်နေရပါပြီ” လို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဒါဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ နိုင်ငံတကာ အရေးပေါ်အခြေအနေအဖြစ် ကုလသမဂ္ဂက ကြေညာခဲ့ပြီး သုံးလအကြာ ကိုဗစ်-၁၉ ကို ကပ်ရောဂါအဖြစ် စဖော်ပြပြီးကတည်းက ကုလသမဂ္ဂအေဂျင်စီရဲ့ အပြင်းထန်ဆုံး အကဲဖြတ်ချက်လည်း ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၆ ဒသမ ၅ သန်းနီးပါး သေဆုံးပြီး ၆၀၆ သန်းကို ကူးစက်ခဲ့တာပါ။ ဒီကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေကို လွှမ်းခြုံသက်ရောက်ခဲ့ပါတယ်။