close

ဆာလီဘာကို ဖာဒီနန်နှင့် နှိုင်းယှဉ်ချီးကျူးသည့်အပေါ် ကာယကံရှင် ဖာဒီနန် လက်မခံ

အာဆင်နယ်နောက်ခံလူ ဆာလီဘာကို ဖာဒီနန်နဲ့ နှိုင်းယှဉ် ချီးကျူးတဲ့အပေါ် ကာယကံရှင် ဖာဒီနန်က လက်မခံဘဲ ရှုတ်ချလိုက်ပါတယ်။

အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ပြင်သစ်နောက်ခံလူ ဝီလီယံဆာလီဘာဟာ အာဆင်နယ်နဲ့ ပွဲဦးထွက်မှာ ခြေစွမ်းပြသနေပြီး ဖာဒီနန်ရဲ့ ကစားပုံနဲ့ တူညီမှုတွေရှိတယ်လို့ ချီးကျူးမှုတွေရှိခဲ့တာပါ။

အဲဒီလို နှိုင်းယှဉ်ချီးကျူးမှုဟာ ရူးမိုက်ရာကျပြီး ဆာလီဘာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ဘယ်နှပွဲ ကစားပြီးပြီလဲလို့ Vibe With Five podcast အစီအစဉ်မှာ ဖာဒီနန်က မေးခွန်းထုတ်ခဲ့ပါတယ်။ 

“သူ ဘယ်နှပွဲ ကစားခဲ့ပြီးပြီလဲ။ ကျနော့်တုန်းကလည်း အကောင်းဆုံးခြေစွမ်းရဖို့ ဘယ်နှပွဲအထိ ကစားခဲ့ရတာမှတ်လို့လဲ။ ကျနော်ဟာ ဗြိတိသျှ စံချိန်တင်ပြောင်းရွှေ့ကြေးကို ချိုးဖျက်ခဲ့ချိန်မှာ လူတွေက နှိုင်းယှဉ်ခဲ့ကြလို့လား။ ဒါက ရူးမိုက်မှု တခုခုပဲ။ အဲဒီကောင်လေး (ဆာလီဘာ) ကို အချိန်ပေးကြပါဦး။ သူ ခြေစွမ်းပြနေတာ မှန်ပါတယ်။ ဒါပေမဲ့ ကစာသမားတွေဆိုတာ သူတို့ အကောင်းဆုံးလုပ်ဆောင်နေချိန်မှာ သွားပြီးခန့်မှန်းလို့မရပါဘူး။ နောက်ထပ်အဆင့်တခုကို ထပ်ပြီး စောင့်ကြည့်ချင်သေးတယ်” လို့ ဖာဒီနန်က ပြောပါတယ်။ 

ဆာလီဘာဟာ အာဆင်နယ်နဲ့ လိဂ်ပွဲစဉ် နှစ်ပွဲပဲ ကစားရသေးပေမဲ့ အနာဂတ်မှာ ထွန်းတောက်လာမယ့်သူလို့ ချီးကျူးခံနေရပါတယ်။

//
Up