အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည့်အပေါ် ပျော်ရွှင်မိကြောင်း အာဆင်နယ်နည်းပြပြော

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့လို့ ကျေနပ်ပျော်ရွှင်မိကြောင်း အာဆင်နယ်နည်ပြအာတီတာက ပြောပါတယ်။
အာဆင်နယ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့တာပါ။
အာဆင်နယ်ဟာ မန်စီးတီးနဲ့ စပါးအသင်းတွေကို ၁ မှတ်စီဖြတ်ထားတာပါ။ ဒီလို အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာက လိုချင်ခဲ့တဲ့အရာဖြစ်ပြီး တတ်နိုင်သမျှ အကောင်းဆုံး ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အာတီတာက ပြောပါတယ်။
နည်းပြ အာတီတာက “ဒီလိုလုပ်ဆောင်နိုင်ဖို့က ကျနော်တို့ရဲ့ရည်မှန်းချက်ဖြစ်တယ်။ ၃၈ ပွဲစလုံးကစားပြီးချိန်မှာတော့ အမှတ်ပေးဇယားရပ်တည်မှုက လိမ်ညာထားစရာမလိုဘဲ ပေါ်လာလိမ့်မယ်”လို့ ပြောပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက ဘရန့်ဖို့ဒ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ကာ ၃ပွဲဆက်တိုက် ရလဒ်ဆိုးခဲ့ပေမဲ့ အခုနှစ်ရာသီမှာတော့ မတူညီတဲ့ခြေစွမ်းနဲ့ အနိုင်ယူခဲ့တာဖြစ် ကြောင်းလည်း နည်းပြအာတီတာက ပြောသွားပါတယ်။