ဇန်ချင်ကိုဟာ ထူးခြားသည့်ကစားသမားဟု အာဆင်နယ်နည်းပြ ချီးကျူး

အသစ်ခေါ်ယူလိုက်တဲ့ နောက်ခံလူ ဇန်ချင်ကိုဟာ ထူးခြားတဲ့အရည်အသွေးရှိပြီး အသင်းကို ပြိုင်ဆိုင်မှုပြင်းထန်စေမယ့်သူလို့ နည်းပြအာတီတာက ချီးကျူးပါတယ်။
အာဆင်နယ်အသင်းဟာ ယူကရိန်းလက်ရွေးစင် ဘယ်နောက်ခံလူ ဇန်ချင်ကို ကို မန်စီးတီးဆီကနေ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိ အမေရိကန်မှာရောက်ရှိနေတဲ့ အာဆင်နယ်အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင်မူတွေ စတင်လုပ်ဆောင်နေတာပါ။
ဇင်ချင်ကိုဟာ ဘယ်နောက်ခံလူနေရာအပြင် ကွင်းလယ်မှာလည်း ကစားနိုင်လို့ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့လည်း နည်းပြအာတေတာက ပြောပါတယ်။
“သူက ဘယ်စွန်မှာတင်မဟုတ်ဘဲ ကွင်းလယ်မှာပါကစားနိုင်တယ်။ သူ့ရဲ့ ကစားသမား ဘဝအစမှာ နံပါတ် ၁ဝ နေရာမှာကစားခဲ့ဖူးတယ်။ မန်စီးတီးရောက်မှ ဘယ်နောက်ခံလူနေရာကို ပြောင်းလဲကစားခဲ့တာပါ။ ဒီအချက်က ကျနော်တို့ရဲ့ ကစားကွက်ပုံဖော်ရာမှာ အများကြီး အပြောင်း အလဲပြုလုပ်နိုင်တယ်။ သူနဲ့ နေရာတူကစားသမားတွေလဲရှိလို့ ပြိုင်ဆိုင်မှုပြငန်း ထန်စေလိမ့်မယ်” လို့ နည်းပြအာတီတာကပြောပါတယ်။
အသက် ၂၅ နှစ်ရှိ ဇန်ချင်ကိုဟာ မန်စီးတီးအတွက် ပွဲပေါင်း ၁၃၀ လောက် ကစားပေးခဲ့ပါတယ်။