close

ဗြိတိန်တွင် စီးပွားရေးလုပ်ငန်းများ၏ စွမ်းအင်ကုန်ကျစရိတ် ထက်ဝက်လျှော့ချပေးမည်

ဗြိတိန်မှာ စီးပွားရေးလုပ်ငန်းတွေရဲ့ စွမ်းအင်ငွေတောင်းခံလွှာတွေကို ပံ့ပိုးပေးမယ့် အစီအစဉ်သစ်တခုကို စက်တင်ဘာ ၂၁ ရက်မှာ အစိုးရက ကြေညာသွားမှာဖြစ်ပြီး ဆောင်းရာသီကို သူတို့ဖြတ်ကျော်နိုင်ဖို့ ကူညီသွားမှာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ်က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် သူ့ရဲ့ နယူးယောက်မြို့ကို လာရောက်ချိန်မှာ အခုလို ကြေညာချက် ထွက်လာတာပါ။

စီးပွားရေးလုပ်ငန်းတွေအတွက် လျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့ လက်ကားကုန်ကျစရိတ်ကို လာမယ့်လကနေစပြီး ဈေးကွက်နှုန်းထားထက် ထက်ဝက်လောက် လျှော့ချပေးသွားမှာဖြစ်ပြီး သုံးစွဲသူတွေအတွက် အလားတူ အစီအစဉ်မျိုးတွေ လုပ်ဆောင်ပေးထားပြီးတော့ စွမ်းအင်ကုန်ကျစရိတ် မြင့်မားတာအတွက် ဖိအားတွေကို ကူညီဖြေလျှော့ပေးသွားမယ်လို့ ဗြိတိန်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

စျေးနှုန်းကို စက်တင်ဘာ ၃၀ ရက်မှာ အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ၆ လအကြာမှာ ပြန်လည်သုံးသပ်မှာဖြစ်ကြောင်း ထရပ်စ်က ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up