ယူကရိန်းစစ်ပွဲနှင့် ကိုဗစ်ကြောင့် အာရှဖွံ့ဖြိုးရေးဘဏ်က တိုးတက်မှုခန့်မှန်းချက် လျှော့ချ

ယူကရိန်းစစ်ပွဲနဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ အတွက် အသွားအလာ ပိတ်ဆို့တာတွေကြောင့် တိုးလာနေတဲ့ အန္တရာယ်တွေကြားမှာ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ဟာ ၂၀၂၂ နဲ့ ၂၀၂၃ အတွက် တိုးတက်မှုခန့်မှန်းချက်ကို လျှော့ချလိုက်ပါတယ်။
အရင်က ဧပြီလမှာ ၅ ဒသမ ၂ ရာခိုင်နှုန်းကနေ ဇူလိုင်လ ခန့်မှန်းချက်ကို ၄ ဒသမ ၆ ရာခိုင်နှုန်း လျှော့ချခဲ့တာပါ။
အခုနှစ်မှာ တရုတ်နှင့် အိန္ဒိယတို့ပါတဲ့ ပေါင်းစပ်စီးပွားရေးက ၄ ဒသမ ၃ ရာခိုင်နှုန်း တိုးလာဖို့ အေဒီဘီက မျှော်လင့်ထားပါတယ်။
၂၀၂၃ ခုနှစ်အတွက် ဒေသတွင်းစီးပွားရေးဟာ အေဒီဘီက ဧပြီလနဲ့ ဇူလိုင်လမှာ ခန့်မှန်းထားတာထက် ၄ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး နှေးကွေးမယ်လို့ စက်တင်ဘာလထုတ် Asian Development Outlook အစီရင်ခံစာမှာ ခန့်မှန်း ဖော်ပြထားပါတယ်။
“ဖွံ့ဖြိုးဆဲအာရှမှာ တိုးတက်မှုနှုန်း အားနည်းလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒေသတွင်း ဂျီဒီပီ တိုးတက်မှုနှုန်းကို လျှော့ချထားပါတယ်” လို့ အေဒီဘီရဲ့ စီးပွားရေးပညာရှင် အဲလ်ဘတ်ခ်က စက်တင်ဘာ ၂၀ ရက်မှာကျင်းပတဲ့ virtual ရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။
အခုနှစ်ထဲမှာ ဖွံ့ဖြိုးဆဲအာရှမှာ ပျမ်းမျှငွေကြေးဖောင်းပွမှုဟာ ဧပြီလနဲ့ ဇူလိုင်လ ခန့်မှန်းချက် ၃ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ၄ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးရောက်ဖို့ မျှော်မှန်းထားပါတယ်။
၂၀၂၃ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုဟာ ဧပြီလမှာ ၃ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ဇူလိုင်လမှာ ၃ ဒသမ ၅ ရာခိုင်နှုန်း နဂိုခန့်မှန်းချက်တွေနဲ့ နှိုင်းယှဉ်ရင် ၄ ဒသမ ၀ ရာခိုင်နှုန်းထိ တက်သွားခဲ့ပါတယ်။