close

အီတလီကို ရှုံးနိမ့်ခဲ့သည့် အင်္ဂလန်အသင်း နေးရှင်းလိဂ်မှ တန်းဆင်း

စက်တင်ဘာ ၂၄ ရက်မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက အီတလီကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ လိဂ်ကနေ တန်းဆင်းသွားခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ မီလန်မှာ အဓိကကစားသမားတွေဖြစ်တဲ့ ဟာရီကိန်း၊ စတာလင်၊ ဝေါ်ကာ၊ မက်ဂွဲယား၊ ဒက်ကလန်ရိုက် အစရှိသူတွေနဲ့ ပွဲထွက်ကစားခဲ့တာပါ။

အီတလီအတွက် အနိုင်ဂိုးကို ရက်စ်ပါဒိုရီက ပွဲချိန် ၆၈ မိနစ်မှာသွင်းယူခဲ့ပါတယ်။ အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ဂိုးပေးလိုက်ရပြီးနောက် ဂျက်ဂရေးလစ်ရှ်နဲ့ လုခ်ရှောတို့  ၂ ဦးကိုပဲ လူစားလဲထည့်သွင်းခဲ့ပြီး ချေပဂိုး ပြန်မရတော့ဘဲ ရှုံးပွဲထပ်တွေ့ခဲ့ရတာပါ။

ဒီရလဒ်ကြောင့်  လက်ကျန် တစ်ပွဲရှိသေးပေမဲ့  အင်္ဂလန်အသင်းဟာ ရမှတ်၂ မှတ် သာရရှိထားလို့ နေးရှင်းလိဂ်ကနေ လိဂ် B ကို တန်းဆင်း ကစားရတော့မှာပါ။ တချိန်တည်းကစားခဲ့တဲ့ ဂျာမနီအသင်းကလည်း ဟန်ဂေရီကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံပလေးအော့ဖ်အဆင့်ကို လွဲချော်ခဲ့ပါတယ်။

နောက်ဆုံးပွဲစဉ်မှာ အီတလီနဲ့ ဟန်ဂေရီထိပ်တိုက်တွေ့နေပြီး အုပ်စုပထမနေရာအတွက် ယှဉ်ပြိုင်သွားရမှာဖြစ်ပေမဲ့ အင်္ဂလန်နဲ့ ဂျာမနီပွဲကတော့ အရေးမပါတော့တဲ့ ပွဲစဉ်ဖြစ်လာခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up