close

စစ်တွေတွင် ညမထွက်ရအမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကို စက်တင်ဘာ ၂၄ ရက်ကစလို့ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။

စစ်တွေမြို့မှာညမထွက်ကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်လံကြေညာနေတယ်လို့ စစ်တွေမြို့ ဓညဝတီရပ်ကွက်က ဒေသခံပြည်သူ တစ်ယောက်က ပြောပါတယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ယောက်က “စက်တင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ထွေအုပ်ရုံးက ညွှန်ကြားစာတစောင်ရောက်လာပြီး စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီမှာလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးကို အစည်းဝေးခေါ်ထားတယ်”လို့ ပြောပါတယ်။

အဲဒီညွှန်ကြားစာထဲမှာတော့ စစ်တွေမြို့ပေါ်ရပ်ကွက်တွေအပါအဝင် ကျေးရွာအုပ်စုတွေ အားလုံးမှာရှိတဲ့ စားသောက်ဆိုင်၊ KTV၊ အရက်ဆိုင်၊ စျေးဆိုင်၊ လက်ဖက်ရည်ကော်ဖီဆိုင်၊ ထမင်းဆိုင်၊ စတိုးဆိုင်၊ အအေးဆိုင်နဲ့ လမ်းဘေးဆိုင်တွေကို နေစဥ် ည ၁၀ နာရီမထိုးခင်ပိတ်သိမ်းဖို့ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

အဲဒီစျေးဆိုင်တွေအားလုံးကို သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေက ကြိုတင်အသိပေးဖို့နဲ့ လိုက်နာမှုမရှိရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ မြို့နယ်ထွေအုပ်အစည်းဝေးက ဆုံးဖြတ်ထားတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်းမှာ မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာ၊ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up