ရုရှား၌ စစ်မှုထမ်းရေး ဆင့်ခေါ်မှုအပေါ် ဆန္ဒပြသူ ၇၀၀ ကျော် ဖမ်းဆီးခံရ

ရုရှားနိုင်ငံတဝန်းမှာ စက်တင်ဘာ ၂၄ ရက်က စစ်အင်အား အသင့်ဖြစ်ဖို့ စည်းရုံးတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ လူပေါင်း ၇၃၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့ တစ်ခုက ပြောပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားရဲ့ ပထမဆုံး စစ်ရေး မူကြမ်းကို အမိန့်ထုတ်အပြီး သုံးရက်အကြာ မှာ ခုလို ဆန္ဒပြနေကြတာပါ။
မတူညီတဲ့ မြို့ပေါင်း ၃၂ မြို့ မှာ ဆန္ဒပြသူတွေ ထိန်းသိမ်းခံထားရတယ်လို့ တသီးပုဂ္ဂလ OVD-Info သပိတ်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
ရုရှားရဲ့ ဆန္ဒပြမှု ဆန့်ကျင်ရေး ဥပဒေတွေအောက်မှာ ခွင့်ပြုချက်မရတဲ့ ချီတက်ပွဲတွေက တရားမဝင်ပါဘူး။
မော်စကိုမြို့တော်မှာ လုပ်တဲ့ လူထုချီတက်ပွဲမှာ ဘီးတပ်ကုလားထိုင်နဲ့ အမျိုးသမီးတဦးက မင်း ငါ့လို ဖြစ်ချင်တာလားလို့ ရေးထားတဲ့ ပိုစတာကို ကိုင်ဆောင်ရင်း ချီတက်ခဲ့ပါတယ်။