ယူကရိန်းက တိုက်ခိုက်မှုများ ပြန်စတင်နေဟု ရုရှား ပြော

ယူကရိန်းတပ်ဖွဲ့တွေဟာ နိုင်ငံတောင်ပိုင်းက ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တဝိုက်မှာ "ကာမိကာဇေ အသေခံ ဒရုန်းရှစ်စင်း" လွှတ်လိုက်တာ အပါအဝင် တိုက်ခိုက်မှုတွေကို ပြန်စတင်လိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
“နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ ပိုင်နက်အပြင်ဘက်က မောင်းသူမဲ့လေယာဉ် အားလုံးကို ရုရှားတပ်ဖွဲ့တွေက ပစ်ချခဲ့တယ်၊ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေး စက်ရုံက ဓာတ်ရောင်ခြည်သင့်မှု အဆင့်က ပုံမှန်အဆင့်မှာပဲ ရှိသေးတယ်” လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က ပြောပါတယ်။
စစ်မြေပြင်အစီရင်ခံစာတွေကို မီဒီယာတွေက သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြု တာတော့ မလုပ်နိုင်သေးပါဘူး။