close

မန္တလေး၊ သိပ္ပံလမ်းရှိ ကမ္ဘောဇဘဏ်ခွဲတွင် ဗုံးပေါက်ကွဲ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းနဲ့ ၆၆ Aလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ (၁၉) မှာ စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဘဏ်နောက်ကျောဘက်ရှိ မီးစက်အနီးမှာ ပေါက်ကွဲတာဖြစ်ပြီး မီးစက် မီး​လောင်ကျွမ်းမှုဖြစ်ကာ မီးခိုးတွေ ထွက်လာခဲ့တယ်လို့ သိရပါတယ်။

“တခြား လူထိခိုက်တာကိုတော့ မကြားဘူး။ မီးစက်မီးလောင်တော့ မီးခိုးတွေထွက်လာတယ်။ မီးသတ်တွေ လက်နက်ကိုင် အရပ်ဝတ်တွေလည်း ရောက်လာတယ်။”လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်တဲ့ အနီးမှာ အမျိုးသမီးရေးရာရုံးဘက်က အစောင့် စစ်ကောင်စီတပ်သားတွေ လာရောက်ထိုင်လေ့ရှိပြီး အဆိုပါဗုံးပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မရရှိသေးပါဘူး။

ဗုံးပေါက်ကွဲမှုအပြီး အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီ လက်နက်ကိုင်တွေက လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up