close

ဘုရားသုံးဆူဒေသရှိ ဘုရားတောင်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသမှာ အခြေချထားတဲ့  စစ်ကောင်စီတပ်ရဲ့  ဘုရားတောင်စခန်းကို   KNLA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၈ ရက် ဒီန့မနက်  ၉ နာရီခွဲမှာ သိမ်းပိုက်လိုက်တယ်လို့  ကရင်ပူးပေါင်းတပ်ဖွဲ့ သတင်းရင်းမြစ်ကနေ သိရတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ လတ်တလော မသိရသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ ဒေသခံပြည်သူလူထုတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်၊ နယ်မြေကျူးကျော်လာတဲ့အတွက် စခန်းသိမ်းခဲ့တာဖြစ်ပြီး ရှေ့ဆက်ပြီးလည်း ကရင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေ ပြန်လည်မဆုတ်ခွာပါက  စခန်းသိမ်းတိုက်ပွဲတွေ ဆက်လုပ်သွားမယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်က ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်ကလည်း မြဝတီ- ဝေါလေလမ်းကြောရှိ ဘာဂျာဘုရားကုန်းကို KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ဘုရားကုန်းမှာ အခြေချတပ်စွဲထားနိုင်ခဲ့သလို တောင်နီ- ဆုံဆည်းမြိုင်- ဝေါလေလမ်းကြောင်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။

ကေအန်ယူ တပ်မဟာ (၆) နယ်မြေ၊ တောင်နီကျေးရွာအနီးသို့ ကျူးကျော်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ (၄၄၃) ကွပ်ကဲမှုရဲ့  ခမရ (၁၀၄) တပ်ဖွဲ့တွေကို KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) မှ စက်တင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့မှ လက်ဖြောင့်စနိုက်ပါ စစ်သည်တွေရဲ့ပစ်ခတ်မှုကြောင့်  စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်သေဆုံးသွားတယ်လို ကော်ဘရာတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up