close

မန္တလေးတွင် နိုင်ငံရေးအကျဉ်းသားများ တင်လာသည့် အချုပ်ကား တိုက်ခိုက်ခံရပြီး ၂ ဦး လွတ်မြောက်

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်တံတားအနီးမှာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေ တင်ဆောင်လာတဲ့ အချုပ်ကားကို မဟာမိတ် မြို့ပြပြောက်ကျား အဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး အကျဉ်းသား ၁ ‌ေယာက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Truth Keeping Force - Amarapura က ထုတ်ပြန်ထားပါတယ်။

အမရပူရမြို့နယ်နေ ပြည်သူတယောက်က “ပထမတော့ အချုပ်သားတွေက ရဲကိုချပြီး ထွက်ပြေးတယ်ဆိုပြီး ကြားတာ။ သေချာစုံစမ်းကြည့်မှ မြို့ပြပြောက်ကျားတွေက လုပ်တာဆိုတာ သိတာ။ မနက်ကတော့ မြစ်ငယ်စက်ကွေ့နားမှာ အစစ်အဆေးတွေရှိတယ်” လို့  ပြောပါတယ်။

အကျည်းသား ၈ ယောက် ထွက်ပြေးခဲ့ပေမဲ့ ၆ ယောက် ပြန်ဖမ်းဆီးခံလိုက်ရပြီး ၂ ယောက် လွတ်မြောက်ခဲ့ကာ လုံခြုံရာကို ပို့ဆောင်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up