ပရီးမီးယားလိဂ် လူစာရင်းတွင် နောက်ခံလူ ဖေးဂျုံးစ်ကို မန်ယူအသင်း ထပ်မံချန်လှပ်

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်လူစာရင်းမှာ နောက်ခံလူ ဖေးဂျုံးစ်ကို ထပ်မံချန်လှပ်ခဲ့ပါတယ်။ နည်းပြအဲရစ်တန်ဟတ်ဂ်ဟာ အသင်းရဲ့ နောက်ဆုံး ၂၅ ဦးစာရင်းကို ပရီးမီးယားလိဂ်ဆီ မှတ်ပုံတင်ရာမှာ ဖေးဂျုံးစ်ကို ချန်လှပ်ခဲ့တာပါ။
အင်္ဂလန်နောက်ခံလူဟာ ယူရိုပါလိဂ်လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရသူဖြစ်ပြီး ရာသီဝက်ကာလအထိ အသင်းကြီးမှာ ပွဲကစားခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။
ဂျုံးစ်ဟာ ယူနိုက်တက်နဲ့ ရာသီကုန်အထိပဲ စာချုပ်သက်တမ်း ကျန်ရှိတော့တာပါ။ ဒဏ်ရာပြဿနာတွေနဲ့အတူ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တဲ့ ဖေးဂျုံးစ်ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ၂ ပွဲသာကစားခွင့်ရခဲ့ပါတယ်။
လူငယ်ကစားသမား ဂရင်းဝုဒ်ကိုတော့ အသင်းက ပွဲပယ်ထားပေမဲ့ ယူ-၂၁ လူစာရင်းမှာ ထည့်သွင်းထားလို့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရှိနေဆဲပါ။
နည်းပြတန်ဟတ်ဂ် တင်သွင်းခဲ့တဲ့ လူစာရင်းမှာ ဖေးဂျုံးစ် မပါဝင်ပေမဲ့ ဗဟိုနောက်ခံလူ ၅ ေယာက်ပါဝင်ပြီး သူတို့ကတော့ မက်ဂွဲယား၊ ဗာရန်း၊ မာတီနက်ဇ်၊ လင်ဒီလော့ဖ်နဲ့ တွန်ဇန်ဘီတို့ ဖြစ်ပါတယ်။