မန်ယူကစားသမားများ ယုံကြည်မှုပျောက်ဆုံးသွားခဲ့ဟု နည်းပြတန်ဟတ်ဂ်ပြော

မန်ချက်စတာဒါဘီမှာ မန်ယူအသင်းသားတွေဟာ ယုံကြည်မှုပျောက်ဆုံးသွားခဲ့ကြောင်း နည်းပြတန် ဟတ်ဂ်ကပြောပါတယ်။
မန်ယူအသင်းဟာ မနေ့ညက အီတီဟတ်ကွင်းမှာ အိမ်ရှင်မန်စီးတီး ကို ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ မန်ယူအသင်းသားတွေဟာ ယုံကြည်မှုပျောက် ဆုံးခဲ့ကြတာကို နည်းပြတန်ဟတ်ဂ်ကအပြစ်တင်ခဲ့ပြီး တိုက်ခိုက်လိုစိတ်မရှိကြောင်း နည်းပြတန်ဟတ်ဂ် ကပြောပါတယ်။
“မန်စီးတီးလိုအသင်းနဲ့ပွဲမှာ တိုက်ပွဲဝင်စိတ်ဓာတ်မရှိရင်တော့ ပြဿနာတစ်ခုဖြစ်လာမှာပါပဲ။ ဒီပွဲက ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်နဲ့ ကွဲပြားမှုရှိတယ်။ အဲဒီတုန်းက ကျနော်တို့တို့ ခြေလှမ်းတွေ လေးလံနေခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ကြိုးစားကစားခဲ့ပေမယ့် ယုံကြည်မှုပျောက်ဆုံး နေခဲ့တယ်။ ပွဲရဲ့အခြေခံသဘောတရားတွေနဲ့ စည်းမျဉ်းတွေကို လိုက်နာနိုင်ခြင်းမရှိခဲ့ဘူး”လို့ နည်းပြတန် ဟတ်ဂ်ကပြောပါတယ်။
ဆက်လက်ပြီး အရင်ပွဲစဉ်တွေတုန်းက တိုက်ရည်ခိုက်ရည်စိတ်နဲ့ ကစားခဲ့ကြပေမဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ ဆက်လက်သယ်ဆောင်မလားနိုင်ခဲ့ကြောင်း၊ ကစားသမားတွေနဲ့ တိုင်ပင်ဆွေးနွေးသွားမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။