မက်ဂွဲယားအပေါ် ယုံကြည်မှုရှိနေဆဲဟု မန်ယူနည်းပြတန်ဟတ်ဂ်ပြော

နောက်ခံလူမက်ဂွဲယားအပေါ် ဝေဖန်မှုတွေရှိပေမယ့် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
အင်္ဂလန်နောက်ခံလူဟာ လိဂ်ပွဲစဉ် ၄ ပွဲဆက်တိုက် အရန်ခုံမှာထိုင်ခဲ့ရပေမယ့် အင်္ဂလန်အသင်းနဲ့အတူ ၂ ပွဲ ပွဲထွက်ကစားခဲ့ပါတယ်။
အဲဒီပွဲတွေမှာ အမှားအယွင်းတွေထပ်လုပ်ခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာပါ။ နည်းပြတန်ဟတ်ဂ်ကတော့ မက်ဂွဲယားအပေါ်မှာ ယုံကြည်မှုဆက်ရှိနေဆဲဖြစ်ပြီး ဖေးမကူညီပေးသွားမယ်လို့ပြောပါတယ်။
မက်ဂွဲယားဟာ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၅၀ ကျော်ကစားခဲ့သလို လက်စတာနဲ့ မန်ယူ အသင်းတွေမှာလည်း ကောင်းမွန်တဲ့ခြေစွမ်းတွေပြသနိုင်ခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်ကပြော ပါတယ်။
ဒါ့အပြင် မက်ဂွဲယားအနေနဲ့ လက်ရှိအခြေအနေတွေကို ပြောင်းလဲပြီး အကောင်းဆုံး လုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မက်ဂွဲယားဟာ လာမယ့်စူပါဆန်းဒေးမှာကစားမယ့် မန်စီးတီးနဲ့ ဒါဘီပွဲစဉ်ကိုတော့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။