close

၂၀၃၀ ကမ္ဘာ့ဖလားကို စပိန်၊ ပေါ်တူဂီတို့နှင့်အတူ ပူးတွဲကျင်းပရန် ယူကရိန်းလျှောက်ထား

ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်ကျင်းပခွင့်အတွက် စပိန်၊ ပေါ်တူဂီနိုင်ငံတွေနဲ့ ပူးတွဲလျှောက်ထားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ လတ်တလောအခြေအနေမှာ ရုရှားနဲ့စစ်ဖြစ်နေလို့ အဆင်သင့် မဖြစ်သေးပေမဲ့ ၂၀၃၀ မှာ ကမ္ဘာ့ဖလားကို ပူးတွဲအိမ်ရှင်နိုင်ငံအဖြစ် လျှောက်ထားခဲ့တာပါ။

ယူကရိန်းသမ္မတ ဇလန်းစကီးကိုယ်တိုင် အားပေးထောက်ခံခဲ့ပြီး ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် လျှောက်ထားမှုဟာ သစ္စာတရားရဲ့ အမှတ်သင်္ကေတဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းနိုင်ငံအနေနဲ့ ကြံ့ကြံခံရပ်တည်ကာ အောင်ပွဲတွေရယူပြီး ပြန်လည် တည်ဆောက်သွားမှာဖြစ်ပြီး စည်းလုံးညီညွတ်စွာနဲ့ ထောက်ခံအားပေးကြတဲ့ မိတ်ဘက်နိုင်ငံတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း သမ္မတ ဇလန်းစကီးက ပြောပါတယ်။

စပိန်၊ ပေါ်တူဂီနဲ့ ယူကရိန်း သုံးနိုင်ငံ ပူးတွဲလျှောက်ထားမှုကို ဥရောပဘောလုံးအဖွဲ့ချုပ်ကလည်း ထောက်ခံထားတယ်လို့ သိရပါတယ်။

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ကျင်းပခွင့်အတွက် အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေးနဲ့ ချီလီတို့က ၄ နိုင်ငံ ပူးတွဲလျှောက်ထားခဲ့သလို အီဂျစ်၊ ဂရိနဲ့ ဆော်ဒီနိုင်ငံတွေကလည်း သုံးနိုင်ငံ ပူးတွဲလျှောက်ထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up