close

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေ လီဗာပူးသို့ ပြောင်းရွှေ့လိုကြောင်း သတင်းထွက်

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ စီစဉ်နေတဲ့ တိုက်စစ်မှူး အမ်ဘာပေဟာ လီဗာပူးအသင်းကိုပဲ ပြောင်းရွှေ့လိုနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ အခုနှစ် နွေရာသီကာလတုန်းက အသင်းနဲ့ တပတ်လုပ်ခ ပေါင် ၆ သိန်းခွဲတန် စာချုပ် ချုပ်ဆိုထားခဲ့တာပါ။

အမ်ဘာပေဟာ အခုနှစ်ရာသီအကုန်မှာ အသင်းပြောင်းရွှေ့မယ်လို့ ပီအက်စ်ဂျီအသင်းကို ပြောထားကြောင်း စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ အမ်ဘာပေဟာ အသင်းနဲ့ ဆက်ဆံရေး ပြိုကွဲလာပြီးနောက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အမြန်ဆုံးထွက်ခွာလိုနေကြောင်း မာကာသတင်းစာက ဖော်ပြပါတယ်။

ဒါပေမဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ကမ်းလှမ်းခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရောင်းချဖို့ ခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီအခြေအနေကြောင့် အမ်ဘာပေရဲ့ ပထမဦးစားပေးအသင်းဟာ လီဗာပူးအသင်း ဖြစ်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

လီဗာပူးနည်းပြ ကလော့ပ်ဟာ အမ်ဘာပေရဲ့ခြေစွမ်းကို သဘောကျသူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးဖြစ်တယ်လို့ ချီးကျူးခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up