ကစားသည့်နေရာထက် ပွဲကစားတတ်ရန် ပိုအရေးကြီးဟု အာနိုးလ်ပြော

ကစားတဲ့နေရာထက် ပွဲကစားတတ်ဖို့က ပိုပြီးအရေးကြီးကြောင်း လီဗာပူးနောက်ခံလူ အာနိုးလ်က ပြောပါတယ်။
အာနိုးလ်ဟာ လီဗာပူးအသင်းမှာ ခံစစ်ကစားပုံ အားနည်းချက်တွေ ရှိတာကြောင့် ဝေဖန်ခံနေရတာဖြစ်ပြီး GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ နေရာအလိုက် ဘယ်တုန်းကမှ မကစားခဲ့ဘဲ ပွဲကိုသာ ကစားခဲ့တာဖြစ်ကြောင်း အာနိုးလ်က ပြောပါတယ်။
“ခင်ဗျားတို့အနေနဲ့ နေရာအလိုက် ကစားနေရင် ဒါက ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက်တာပါ။ ပွဲကိုသေချာကစား၊ နေရာမှန်ပါစေဆိုတဲ့ စိတ်ပဲရှိတယ်။ တချိန်တည်းမှာပဲ မဖြစ်မနေ လုပ်ဆောင်ရမှာက ခံစစ်ပိုင်းစွမ်းဆောင်ရည်တွေကို လိုအပ်သလို လုပ်ဆောင်နိုင်ဖို့လည်း လိုတယ်” လို့ အာနိုးလ်က ပြောပါတယ်။
အာနိုးလ်ဟာ ခံစစ်တာဝန်တွေမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိသေးတာကြောင့် လာမယ့် ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်မရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။