close

ကမ္ဘာ့ပထမဆုံး အူလမ်းကြောင်း အစားထိုးကုသမှု အောင်မြင်ခဲ့သည့် စပိန်ကလေးငယ်

နှလုံးရောဂါနဲ့ သေဆုံးသွားတဲ့ အလှူရှင်ကြောင့် အသက် ၁ နှစ်အရွယ် စပိန်ကလေးငယ် အမ်မာဟာ ကမ္ဘာ့ပထမဆုံး အူလမ်းကြောင်း အစားထိုးကုသမှုကို အောင်အောင်မြင်မြင် လက်ခံရရှိခဲ့တယ်လို့ စပိန်နိုင်ငံမြို့တော် မက်ဒရစ်မြို့ လာပက်ဇ်ဆေးရုံက အောက်တိုဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

“ကလေးက အခု ဆေးရုံကဆင်းသွားပြီး သူ့မိဘတွေနဲ့ အိမ်မှာ ပြီးပြည့်စုံတဲ့ အခြေအနေ ရှိနေပါတယ်” လို့ ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ အသက် ၁၇ လရှိပါပြီဖြစ်တဲ့ အမ်မာရဲ့အူက အလွန်တိုနေလို့ သူ့အသက်တလအရွယ်မှာ အူလမ်းကြောင်းချို့ယွင်းနေတာ စစ်ဆေးတွေ့ရှိခဲ့ရတာပါ။

အစားထိုးကုသမှု မခံယူမီအထိ သူ့ကျန်းမာရေးက အမြန်ဆိုးရွားလာခဲ့ပါတယ်။ အူလမ်းကြောင်းအပြင် အမ်မာဟာ အသည်း၊ အစာအိမ်၊ သရက်ရွက်နဲ့ ပန်ကရိယ အသစ်ကိုလည်း ရခဲ့ပါတယ်။

“သတင်းကောင်းကတော့ အမ်မာဟာ အရမ်းကို ရဲရင့်ပြီး သူဆက်အသက်ရှင်ချင်တယ်ဆိုတာ နေ့တိုင်း သက်သေပြနေပါတယ်” လို့ အလှူရှင်မိသားစုနဲ့ ဆရာဝန်တွေကို ကျေးဇူးတင်မဆုံး ဖြစ်နေတဲ့ သူမရဲ့မိခင်က သတင်းထောက်တွေကို ပြောပါတယ်။

စပိန်နိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ နေထိုင်သူ တသန်းမှာ ၁၀၂ ယောက်နှုန်း ကိုယ်တွင်းအင်္ဂါ အစားထိုးကုသရာမှာ တကမ္ဘာလုံးမှာ ဦးဆောင်နေပါတယ်။

ဒီလို ကိုယ်အင်္ဂါအစားထိုး ကုသနှုန်းမှာ အမေရိကန်ထက် သာလွန်တယ်လို့ စပိန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up