close

တမူးတိုက်ပွဲ PDF တဦး ဒဏ်ရာရ၊ သိန်း ၂၀၀ ခန့်တန် သေနတ်တလက် ဆုံးရှုံး

စစ်ကိုင်းတိုင်း  တမူးမြို့အထွက် ၄ မိုင်မှာ အောက်တိုဘာ ၁၃ ရက် တိုက်ပွဲအတွင်း PDF ရဲဘော် တယောက် ဒဏ်ရာရခဲ့ပြီး သိန်း ၁၈၀ တန် ၈၁ အမည်ရ သေနတ်တလက်ဆုံးရှုံးခဲ့တယ်လို့ တမူး PDF တပ်ရင်း ၄ ရဲ့ တာဝန်ခံက ပြောပါတယ်။ 

"သူတို့ဘက်က ညကတည်းက ကင်းပုန်းဝပ်နေတာ သတင်းရတယ်။ မနက်အစောပိုင်းမှာ သူတို့ ဘက်ကစပြီး လက်နက်ကြီးနဲ့ ပစ်တာ။ အဲဒီမှာ တိုက်ပွဲခဏဖြစ်‌တယ်။ ဒဏ်ရာရတဲ့ ရဲဘော်ကို သယ်နေရတာကတကြောင်း ခံတိုက်နေရတာရောဆိုတော့ ဒဏ်ရာရ ရဲဘော်ရဲ့ ၈၁ သေနတ် တလက်ကို ဘယ်လိုမှ သယ်လို့မရခဲ့ဘဲ ချန်ထားခဲ့ရတယ်။"

တမူးမြို့ပေါ်ကနေ စစ်ကြောင်း စထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ကြား အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းကစလို့  အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတယ်လို့ သိရပါတယ်။

တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထားတာဟာ အခုဆို ၆ လကျော် ရှိနေပါပြီ။

တမူးမြို့နယ်မှာ ဇွန်လကုန်အထိ အရပ်သားပြည်သူ ၁၉ ဦး ထက် မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၆ ယောက်ထက် မနည်းရှိကာ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ် ၉ လုံးထက် မနည်းရှိ လာပြီလို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up