close

ဆိုမားလီးယားတွင် ငတ်မွတ်ခေါင်းပါးလူသေဆုံးသည်အထိ မကြုံစဘူး မိုးခေါင်ရေရှားနေ

ဆိုမားလီးယားနိုင်ငံမှာ ရာစုနှစ်တဝက်အတွင်း မကြုံစဘူး လူသေဆုံးတဲ့အဆင့်အထိ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုနဲ့ ကြုံနေရလို့ ရာနဲ့ချီတဲ့မိခင်တွေနဲ့ သားသမီးတွေ ငတ်မွတ်ခေါင်းပါးနေကြတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတခုဖြစ်တဲ့ ယူနီဆက်ဖ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။

မြို့တော် မိုဂါဒစ်ရှူးက ဘာနာဒီယာဆေးရုံမှာ အာဟာရချို့တဲ့မှုကြောင့် ဆေးရုံတက်ရတဲ့ ကလေးအရေအတွက်ကြောင့် ဆရာဝန်တွေ လုံးထွေးရုန်းကန်နေရပါတယ်။

အခြေအနေဟာာ ၂၀၁၁ ခုနှစ် အငတ်ဘေးနဲ့တူပြီး ၂၀၁၇ မိုးခေါင်မှုထက် ပိုဆိုးတယ်လို့ ကလေးအထူးကုဆရာဝန် အဝေး ဆိုလက်စ် ဟတ်ဆန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မြို့တော်ရဲ့ ဆင်ခြေဖုံးမှာရှိပြီး လူဦးရေအလွန်ထူထပ်တဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်း (IDP) ထဲက ယာယီတဲတွေထဲမှာ ရာနဲ့ချီတဲ့ အားနည်း၊ ပင်ပန်းနွမ်းနယ်နေတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ခိုလှုံနေကြတာကို ပြီးခဲ့တဲ့လက ရိုက်တာသတင်းထောက်တဦးက ဗီွဒီယို ရိုက်ကူးထားခဲ့ပါတယ်။

တချို့ စစ်ဘေးရှောင်မိခင်တွေဟာ ယာယီတဲတွေထဲမှာ နေကြပေမဲ့ တချို့က စခန်းထဲမှာရှိတဲ့ အကေးရှားသစ်ပင်တွေအောက်မှာ အိပ်ကြရပါတယ်။

လူတွေက စခန်းကို ဘာမှမရှိဘဲ ရောက်လာကြပြီး သူတို့ကိုကူညီဖို့ စခန်းက တတ်နိုင်သလောက် လုပ်ဆောင်နေတယ်လို့ စခန်းရဲ့ဒါရိုက်တာ ဖာဒူမာအဘ်ဒူ ကာဒီယာ ဝါဆာမေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဆိုမားလီးယားနိုင်ငံမှာ ကလေးငယ် တသန်းခွဲကျော် အာဟာရချို့တဲ့မှုကြောင့် သေဆုံးနိုင်ခြေရှိပြီး ခရိုင်နှစ်ခုဟာ အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်း အငတ်ဘေးကြုံရဖို့ ခန့်မှန်းထားတယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up