အမေရိကန်က အရန် ရေနံသိုက်မှရေနံများ ထုတ်ရောင်းချရန် စီစဉ်နေ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရဟာ လာမယ့်လ လွှတ်တော်ရွေးကောက်ပွဲတွေမတိုင်မီ လောင်စာဆီဈေးနှုန်းတွေ ကျဆင်းစေဖို့ အမေရိကန် ဗျူဟာမြောက် အရန် ရေနံသိုက်ကနေ ရေနံတွေပိုရောင်းဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်သုံးခုက ပြောပါတယ်။
သိုလှောင်ရုံကို ပြန်ဖြည့်သွင်းမယ့်အချိန်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အစိုးရအဖွဲ့က ထုတ်ပြန်ဖို့ မျှော်လင့်ထားပါတယ်။
ပြည်တွင်း ရေနံတွင်းတူးသမားတွေက သူတို့ရဲ့ ရေနံဝယ်လိုအားနဲ့ အနာဂတ်မှာ ပြည်တွင်း တူးဖော်ရေးသမားတွေကို ပံ့ပိုးပေးနေတဲ့ လောင်စာဆီဈေးမြင့်တက်မှုကို တိုက်ဖျက်ချင်တဲ့ဆန္ဒကို ထင်ဟပ်စေတယ်လို့ သူတို့က ပြောပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ဟာ စွမ်းအင်စျေးနှုန်းတွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၉ ရက်မှာ အစီအစဉ်ရဲ့ အစိတ်အပိုင်းတွေကို ထုတ်ပြောမှာဖြစ်ပါတယ်။
ဘိုင်ဒင်ဟာ ဗုဒ္ဓဟူးနေ့မှာ ဓာတ်ဆီစျေးနှုန်းတွေကို ကိုင်တွယ်ဖြေရှင်းမယ်လို့ အိမ်ဖြူတော်အကြီးအကဲ ရွန်ခလိန်းက အောက်တိုဘာ ၁၈ ရက်မှာ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။ ဒီအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုတာတွေကို အိမ်ဖြူတော်နဲ့ စွမ်းအင်ဌာနတို့က မတုံ့ပြန်ခဲ့ပါဘူး။