close

မန်ယူနိုက်တက်က စပါးအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရ

အိုးထရတ်ဖို့ဒ်ကွင်းမှာ ဒီကနေ့ မနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ စပါးနဲ့ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲရခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ အဲဗာတန်ကို ဂိုးမရှိသရေသာကစားနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ စပါးနဲ့ပွဲမှာတော့ ပုံစံကောင်းပြသခဲ့ပြီး အနိုင်ဂိုးတွေကို ဖရက်ဒ်နဲ့ ဖာနန်ဒက်စ်တို့က သွင်းယူခဲ့ပါတယ်။

မန်ယူအသင်းဟာ စပါးအသင်းဘက်ကို ကန်သွင်းချက် ၂၈ ကြိမ်အထိရှိခဲ့ပြီး  အဆုံး သတ်ပိုင်းလိုအပ်ချက်ရှိလို့သာ ၂ ဂိုးတည်းရခဲ့တာပါ။

စပါးအသင်းမှာ ရစ်ချာလီဆန်နဲ့ ကူလူဆက်စကီးတို့ မပါဝင်နိုင်ခဲ့လို့ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ရုန်းကန်ခဲ့ရပြီး ဂိုးပေါက်ကန်သွင်းခွင့်သိပ်မရခဲ့ပါဘူး။

ဒီပွဲအနိုင်ကြောင့် မန်ယူအသင်းက အဆင့် ၅ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ၈ မှတ်ပဲ ကွာဟပါတယ်။

တခြားပွဲစဉ်တွေမှာတော့ လီဗာပူးက ဝက်စ်ဟမ်းကို ဒါဝင်နူညက်ဇ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး ချဲလ်ဆီးက ဘရန့်ဖို့ဒ်နဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။

ဆောက်သမ်တန်က ဘုန်းမောက်ကို တစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့သလို နယူးကာဆယ်ကလည်း အဲဗာတန်ကို အိမ်ကွင်းမှာ အမှားအယွင်းမရှိနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up