ဂိုး ၇၀၀ ပြည့် စီရော်နယ်ဒိုနှင့် ပွဲ ၅၀၀ ပြည့် ဒီဂီယာတို့ကို ဖာဂူဆန်ဂုဏ်ပြု

ကလပ်အသင်းတွေအတွက် သွင်းဂိုး ၇၀၀ ပြည့်ခဲ့တဲ့ စီရော်နယ်ဒိုနဲ့ ယူနိုက်တက်အတွက်ကစားပေးခဲ့တာ ပွဲ ၅၀၀ ပြည့်သွားပြီဖြစ်တဲ့ ဂိုးသမားဒီဂီယာတို့ကို နည်းပြဟောင်းဖာဂူဆန်က ဂုဏ်ပြုချီးမြင့်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မတိုင်ခင် ပွဲမြက်ခင်းပြင်ထက်မှာ ရော်နယ်ဒိုနဲ့ ဒီဂီယာတို့ကို ဆာအဲလက်စ်ဖာဂူဆန်က အမှတ်တရပစ္စည်းတွေပေးအပ်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့တာပါ။
ပရိသတ်တွေရဲ့ရှေ့မှောက်မှာ စီရော်နယ်ဒိုနဲ့ ဖာဂူဆန်တို့ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဆရာ၊ တပည့်နှစ်ယောက်က ဖက်လှဲတကင်းနှုတ်ဆက်ခဲ့ကြပါသေးတယ်။
ဖာဂူဆန်ဟာ လက်ရှိမန်ယူနည်းပြအဲရစ်တန်ဟတ်ဂ်နဲ့လည်း ကွင်းအတွင်းမှာ နှုတ်ဆက်စကားဆိုခဲ့ပါသေးတယ်။
ဖီဖာရဲ့အချက်အလက်တွေအရ ရော်နယ်ဒိုရဲ့ကလပ်သွင်းဂိုး ၇၀၀ အရေအတွက်ထက် သြစတြေးလျ-ချက်တိုက်စစ်မှူး ဘီကမ်တစ်ဦးသာ ရော်နယ်ဒိုထက်ပိုပြီး ဂိုးသွင်း ယူနိုင်ခဲ့တာလို့ သိရပါတယ်။
နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက်ပွဲ ၅၀၀ ပြည့်မြောက်ခဲ့တဲ့ ဂိုးသမားဒီဂီယာဟာ ၂၀၁၁ ခုနှစ်ကတည်းက အသင်းကိုရောက်ရှိလာသူ ဖြစ်ပါတယ်။