close

တရုတ် ယွမ်ငွေတန်ဖိုး ၁၅ နှစ်အတွင်း အနိမ့်ဆုံးကျဆင်း

တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀ မြောက် ကွန်ဂရက်ကျင်းပြီး   တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာဆက်ယူထားလိုက်ပြီးနောက် ပြည်တွင်းကုန်သွယ်ရေးအတွက် ယွမ်ငွေကြေးတန်ဖိုးဟာ အောက်တိုဘာ ၂၄ ရက်မှာ ၁၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွား ပါတယ်။

၂၀၁၁ ခုနှစ်ကနေ စတင်ခဲ့တဲ့ ကုန်သွယ်မှုမှာ ပြည်ပကုန်သွယ်ရေးအတွက် ယွမ်စျေးဟာ တဒေါ်လာအတွက် ယွမ်ငွေ ၇ ဒသမ ၂၇၉၀ အထိ စံချိန်တင် အနိမ့်ဆုံးထိ ကျဆင်းသွားတာပါ။

ရှီဟာ အောက်တိုဘာ ၂၃ ရက်မှာ တတိယမြောက်ခေါင်းဆောင် သက်တမ်းကို စံချိန်တင် ရယူခဲ့ပြီး သူ့ကို သစ္စာခံသူတွေနဲ့  ပေါင်းစည်းထားတဲ့ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀ မြောက် ကွန်ဂရက်မှာ ရှီက သူ့ရဲ့ ဘုံသာယာဝပြောရေး ရည်မှန်းချက်လုပ်ဆောင်ချက်ကို  ထပ်အတည်ပြုခဲ့ပြီး ဝင်ငွေကို ပိုမိုမျှမျှတတ ခွဲဝေပေးဖို့နဲ့ ဓနဥစ္စာ စုဆောင်းမှု ယန္တရားတွေကို စံချိန်စံညွှန်း ဖြစ်စေဖို့ ကတိပြုခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ ထောက်ပံ့ရေး ကွင်းဆက်တွေ လုံခြုံစေဖို့၊ လုံလောက်တဲ့ စပါးနဲ့ စွမ်းအင် အပြင် နည်းပညာဆိုင်ရာ ကိုယ်ကိုယ်ကိုယ်အားကိုးပြီး  ဦးတည်လုပ်ဆောင်သင့်တယ်လို့လည်း ရှီက အမျိုးသားလုံခြုံရေးကို အလေးပေးပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိအာဏာရကွန်မြူနစ်ပါတီက ထောက်ခံထားတဲ့ အလွန်တင်းကျပ်တဲ့ ကိုဗစ်-၁၉ ဆိုင်ရာ မူဝါဒတွေကို ဆက်လုပ်ဖို့ ရည်မှန်းထားတာပါ။

ရှီကျင့်ဖျင်က စီးပွားရေးတိုးတက်မှုကို စတေးပြီး အယူဝါဒဆိုင်ရာ မူဝါဒတွေကို နှစ်ဆတိုးချမှတ်မှာကို ရင်းနှီးမြုပ်နှံသူတွေအကြား စိုးရိမ်မှု မြင့်တက်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up