close

တရားမဝင် ရွှေတူးသည့် သောင်တူးစက် ၇ ခုကို ကိုလံဘီယာရဲတပ်ဖွဲ့ ဖောက်ခွဲ

အမေဇုန်မှာ တရားမဝင်ရွှေတူးဖော်နေတဲ့ သောင်တူးစက် ၇ ခုကို ထိန်းချုပ်စက်နဲ့ ဖောက်ခွဲပစ်လိုက်တယ်လို့ ကိုလံဘီယာရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီ တရားမဝင် ရွှေတူးဖော်တဲ့ဖောင်တွေဟာ အိမ်နီးချင်း ဘရာဇီးနိုင်ငံမှ လာကြောင်း၊ သူတို့ ဝင်ရောက်မှုကို ဂြိုဟ်တုကနေ စောင့်ကြည့်ပြီးတော့ ကိုလံဘီယာ အမျိုးသားလေတပ်မှ ပံ့ပိုးပေးထားတဲ့ ဓာတ်ပုံတွေကတဆင့် အတည်ပြုခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ရဲ့ နယ်ခြားစောင့်တပ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဝီလျံ ကက်စတာနိုက ပြောပါတယ်။

အိမ်နီးချင်း ဘရာဇီးလ်စတိုင် နဂါးတွေလို့ လူသိများတဲ့ ဒရာဂါစ် ရွှေတူးဖော်ရေးဖောင်တွေနဲ့ ရွှေသောင်တူးစက်တွေကြောင့် အမေဇုန်သစ်တော နယ်မြေကြီးမှာရှိတဲ့ ရေလက်တက်တွေ ပျက်စီးပြီး ဂေဟစနစ်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ရာဇဝတ်ဂိုဏ်းပေါင်းစုံဟာ ဒီ တရားမဝင် လုပ်ဆောင်မှုတွေကနေ အကျိုးအမြတ်တွေ ရနေကြပေမဲ့ ကိုလံဘီယာရဲ့ ဂေဟစနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။

စုဆောင်းထားတဲ့ အချက်အလက်တွေအရ မိုင်းတွင်းလုပ်သားတွေဟာ သူတို့ထုတ်ယူလိုက်တဲ့ ရွှေ ၁ ဂရမ်စီအတွက် ပြဒါး ၅ ဂရမ်မှ ၇ ဂရမ်ကြား မြစ်ထဲကို လောင်းချတာကြောင့် ပူးရေးမြစ်နဲ့ ကော်သူးဟေးမြစ်တွေရဲ့ ရေလက်တက်တွေအနီးက ဂေဟစနစ်တွေနဲ့ ဒေသခံနေထိုင်သူတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေတာ တွေ့ရှိရကြောင်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up