အနိုင်ရ ဘရာဇီးရွေးကောက်ခံသမ္မတကို ပြည်သူထောင်ချီ ထောက်ခံကြောင်းပြသ

ဘရာဇီးရွေးကောက်ပွဲအပြီး ရွေးကောက်ခံသမ္မတ လူးဝစ်အင်နာစီရို လူလာဒါဆေးလ်ဗာက လက်ရှိ သမ္မတ ဘော့ဆိုနာရိုကို အနိုင်ရပြီးတဲ့နောက် ထောက်ခံသူ ထောင်ပေါင်းများစွာဟာ ဆောင်ပေါ်လိုမြို့မှာ အောက်တိုဘာ ၃၀ ရက်က လမ်းပေါ် ထွက်လာခဲ့ကြပါတယ်။
ဆောင်ပါလိုမြို့ရဲ့ ပေါ်လစ္စတာရိပ်သာလမ်းမှာ လူလာကို ထောက်ခံသူ ထောင်ပေါင်းများစွာ ပြည့်နေတာပါ။
ဂျာအစ်ဘော့ဆိုနာရိုအတွက် ဆန္ဒမဲ ၄၉ ဒသမ ၁ ရာခိုင်နှုန်း၊ လူလာက ဆန္ဒမဲ ၅၀ ဒသမ ၉ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တယ်လို့ တရားရုံးချုပ်က ကြေညာခဲ့ ပါတယ်။
သမ္မတဟောင်းဖြစ်တဲ့အပြင် ရွေးကောက်ပွဲ အောင်နိုင်သူ အသက် ၇၇ နှစ်အရွယ် လူလာရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဇန်နဝါရီ ၁ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ရလဒ်တွေကို အတည်ပြုပြီးချိန်မှာ ဘော့ဆိုနာရိုကို ထောက်ခံသူတချို့က အော်ဟစ် ခဲ့ကြပါတယ်။
ဘရာဇီးရဲ့ မဲပေးစနစ်ဟာ လိမ်လည်မှုဖြစ်နိုင်ခြေရှိတယ်လို့ နှစ်ပေါင်းများစွာ အခြေအမြစ် မရှိဘဲ အခိုင်အမာပြောခဲ့တဲ့ အသက် ၆၇ နှစ်အရွယ် ဘော့ဆိုနာရိုဟာ ဒီတခါ ရလဒ်နှင့်ပတ်သက်ပြီး အစပိုင်းမှာ နှုတ်ဆိတ်နေခဲ့ပါတယ်။
လူလာကတော့ အရင်သမ္မတအဖြစ် ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း လူသန်းပေါင်း များစွာကို ဆင်းရဲတွင်းကနေ ဖယ်ရှားပေးတဲ့ နိုင်ငံတော်က တွန်းအားပေးတဲ့ စီးပွားရေး တိုးတက်မှုနဲ့ လူမှုရေးမူဝါဒ တွေဆီကို ပြန်သွားဖို့ ကတိပြုခဲ့ပါတယ်။