close

အစ္စရေးရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ယာဟု အနိုင်ရဖွယ်ရှိ

အစ္စရေးရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ယာဟုဟာ လက်ယာစွန်းမဟာမိတ်တွေရဲ့ ထောက်ခံမှုနဲ့  အာဏာပြန်ရနိုင်ခြေရှိနေတယ်လို့   စစ်တမ်းတွေအရ သိရပါတယ်။

အစ္စရေးရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ နေတန်ယာဟုဟာ အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးခံနေရသူဖြစ်ပြီး ရွေးကောက်ပွဲမှာတော့ သူ့ရဲ့ပါတီဟာ  အမတ်နေရာ ၁၂၀ အနက် ၆၁ သို့မဟုတ် ၆၂ နေရာရဖို့ရှိတယ်လို့ အစ္စရေးရုပ်မြင်သံကြားရဲ့ စစ်တမ်းတွေက ဆိုပါတယ်။

အစ္စရေးရဲ့ အများပိုင်ရုပ်သံလွှင့်ဌာန Kan 11 မှ ထုတ်လွှင့်တဲ့ ရုပ်သံမှာတော့ နေတန်ယာဟုက ကောင်းသောအစပြုခြင်းပဲလို့ ပြောခဲ့သလို  အောင်မြင်မှုကြီးတခုရဖို့ နီးစပ်နေပြီလို့ ဂျေရုစလင်မြို့မှာ ထောက်ခံသူတွေကို ပြောကြားလိုက်ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ယာအီးလာပစ်နဲ့ သူ့ရဲ့ ညွန့်ပေါင်းလုပ်ဖော်ကိုင်ဘက်တွေကတော့ အမတ်နေရာ ၅၄ နေရာ၊ ၅၅ နေရာလောက်ယူဖို့ အဆင်သင့်ဖြစ်နေပြီး လွှတ်တော်ထဲမှာ ဒုတိယအကြီးဆုံးပါတီ ဖြစ်လာတယ်လို့ စစ်တမ်းတွေက ခန့်မှန်းပါတယ်။

ရွေးကောက်ပွဲ တရားဝင် ကနဦး မဲရလဒ်တွေကတော့ မကြာခင်နာရီပိုင်းအတွင်း ထွက်ပေါ်လာဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up