close

ဘူးသီးတောင်၌ တံငါသည်တဦး စစ်တပ်လက်နက်ကြီး ထိမှန်သေဆုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်တာကြောင့် စိုင်းဒင်ချောင်းမှာ ငါးရှာနေတဲ့  ကြာညိုပြင်ကျေးရွာက တံငါသည်တယောက်  နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီက သေဆုံးခဲ့တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။

အသက် ၄၅ နှစ်အရွယ် မာမတ်ဆွေယုတ်ဟာ မနေ့က အဖော်တယောက်နဲ့ စိုင်းဒင်ချောင်းမှာ ပိုက်ချ ငါးရှာချိန် ဘူးသီးတောင်အခြေစိုက် ခမရ-၅၅၁ က ပစ်လိုက်တဲ့ လက်နက်ကြီးထိပြီး ရေထဲ ပြုတ်ကျသေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားသူနဲ့အတူ ငါးရှာရာမှာပါတဲ့ မာမောက်ဆော်လိမ်က   "ကျနော်တို့ ၂ ဦးက လှေတစီးနဲ့ စိုင်းဒင်ချောင်းမှာ ပိုက်တန်းပြီး ငါးရှာနေကြတာ။ ၅၅၁ တပ်ရင်းက ပစ်တဲ့ လက်နက်ကြီးတလုံး ပထမ  အဝေးမှာ ကျလာတော့ အခြေအနေမကောင်းလို့ ရေထဲ ခုန်ချဖို့ သူ့ကို ပြောတယ်။ သူက ခုန်မဆင်းဘူး။ ကျနော်က ခုန်ဆင်းသွားတယ်။ နောက်ထပ် လက်နက်ကြီးတလုံးက လှေကို တည့်တည့်ကျလာတော လူရော လှေပါ ရှာမရတော့ဘူး။ မနေက ရွာသားတွေနဲ့ တညလုံး ရှာခဲ့ကြတယ်၊ မတွေ့ဘူး။ ဒီနေ့ မနက် ၈ နာရီလောက်မှာ သူ့အလောင်းကို တွေ့တာ" လို့ ပြောပါတယ်။

နိုဝင်ဘာ  ၅ ရက် မနက် ၁၁ နာရီကလည်း ဘူးသီးတောင်မြို့နယ်  သရက္ကင်းမနူးကျေးရွာမှာ စကခ (၁၅) ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံ ကျောင်းဆရာတယောက် သေဆုံးကာ ၅ နှစ်အရွယ်ကလေး ၁ ယောက်နဲ့ အမျိုးသမီး တယောက် ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up