close

မက်ဆီအတွက် နောက်ဆုံးကမ္ဘာ့ဖလားမဖြစ်ရန် မျှော်လင့်ကြောင်း အာဂျင်တီးနားနည်းပြ ပြော

၂၀၂၂ ကာတာကမ္ဘာ့ဖလားဟာ မက်ဆီရဲ့ နောက်ဆုံးပြိုင်ပွဲမဟုတ်ဖို့ မျှော်လင့်ကြောင်း အာဂျင်တီးနားနည်းပြ စကယ်လိုနီက ပြောပါတယ်။

မက်ဆီဟာ လက်ရှိအချိန်မှာ အသက် ၃၅ နှစ်အရွယ် ရောက်ရှိနေပြီး လာမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားမှာ အသက် ၃၉ နှစ် ရှိနေမှာပါ။

နည်းပြ စကယ်လိုနီကတော့ မက်ဆီဟာ ကွင်းထဲမှာ ပျော်ရွှင်နေသလို လူတွေကလည်း မက်ဆီကစားတာကို ကြည့်ရတာ ပျော်ရွှင်ကြကြောင်း၊ အခုနှစ်ပြိုင်ပွဲမှာ မက်ဆီအတွက် နောက်ဆုံးကမ္ဘာ့ဖလား မဟုတ်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။

မက်ဆီဟာ ၂၀၁၆ ခုနှစ် ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ပြောခဲ့ပါသေးတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်ကစားခဲ့ပြီး ကိုပါအမေရိကဖလား ရယူနိုင်ခဲ့ပါတယ်။ မက်ဆီကိုယ်တိုင်ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံးပြိုင်ပွဲ ဖြစ်နိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up