close

စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ရန်ကုန်မြို့တွင် လှုံ့ဆော်

ရန်ကုန်မြို့က တော်လှန်သော လူငယ်တွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန်းကျင်ကြဖို့  “No More ASEAN 5PC, Anti_Sham_2023_Election” ဆိုတဲ့ စာသားပါ ဘန်နာကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့တနေရာမှာ ချိတ်ဆွဲပြီး တောင်းဆိုလှုပ်ရှားခဲ့ကြပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းကို လှည့်စားဖို့ ကြံရွယ်နေတဲ့ စစ်ကောင်စီပြုလုပ်မယ့် ၂၀၂၃ ရွေးကောက်ပွဲကို ပြည်သူ‌တွေအနေနဲ့ ဆန့်ကျင်ပယ်ချကြဖို့အပြင် အာဆီယံအနေနဲ့ အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း ဆက်လက်ဆွဲကိုင်ထား‌တာတွေ ရပ်တန့်ဖို့ကို  တိုက်တွန်းခဲ့ကြတာပါ။

အာဆီယံထိပ်သီး ညီလာခံအစည်းအဝေးကျင်းပနေချိန် စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းက  ပြည်သူတွေအနေနဲ့လည်း အာဆီယံအနေနဲ့ အလုပ်မဖြစ်တဲ့ အာဆီယံမူ ၅ ချက်ကို စွဲကိုင်နေတာကို ချက်ချင်းရပ်တန့်ဖို့ အမျိုးသားညီညွတ်အစိုးရ နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ဆိုတဲ့ စာသားဘန်နာတွေကို ကိုင်စွဲကာ ချီတက်ဆန္ဒပြခဲ့ကြပါ‌တယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ အာဏာသိမ်းပြီးနောက်  ၂၁ လအတွင်း ပြည်သူ ၂,၄၄၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁၆,၁၅၆ ဖမ်းဆီး‌ထောင်ချကာ နေအိမ်ပေါင်း ၃‌၈,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိမှာလည်း ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁,၆၅၀,၆၁၁ ဦး ထက်မနည်းရှိလာခဲ့တယ်လို့ လွတ်လပ်သော သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up