ချန်ပီယံဖြစ်လိုလျှင် လူအင်အားဖြည့်တင်းရန်လိုဟု စပါးနည်းပြ ကွန်တီပြော

စပါးအသင်းတာဝန်ရှိသူတွေအနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ချင်တယ်ဆိုရင် လူအင်အားဖြည့် တင်းပေးဖို့ လိုအပ်ကြောင်း နည်းပြ ကွန်တီက တောင်းဆိုလိုက်ပါတယ်။
စပါးအသင်းဟာ လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ၃ ကြိမ်တိုင်တိုင်ဦးဆောင်ခွင့်ပေးခဲ့ရပေမဲ့ နောက်ကျ ဂိုးတွေ နဲ့အတူ ၄ ဂိုး ၃ ဂိုး နဲ့အနိုင်ရယူနိုင်ခဲ့တာပါ။
နိုင်ပွဲ ရယူနိုင်ခဲ့လို့ ပျော်ရွှင်ရပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်ဖို့ဆိုရင်တော့ အရည်အသွေးမြင့်ကစားသမားတွေ ခေါ်ယူပေးဖို့ လိုအပ်တယ်လို့ ကွန်တီက ပြောပါတယ်။
“မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးအသင်းတွေရဲ့ ဥပမာကို ခင်ဗျားတို့လည်းမြင်နိုင်ပါတယ်။ သူတို့က အမှန်တကယ်တောင့်တင်းတဲ့အသင်းတွေဖြစ်တယ်။ ဆုဖလားရယူဖို့ စဉ်းစားထားတယ်ဆိုရင် ခြေစွမ်းကောင်းတဲ့ကစားသမားတွေလိုပါတယ်” လို့ နည်းပြ ကွန်တီက ပြောပါတယ်။
စပါးအသင်းမှာ ကာလကြာရှည်တာဝန်ယူလိုပြီး ရလဒ်ကောင်းတွေရဖို့ စိတ်ရှည်သည်းခံပေးဖို့ လည်း လိုအပ်ကြောင်း နည်းပြ ကွန်တီက ပြောပါတယ်။