အနီးဆုံးပြိုင်ဘက် မန်စီးတီးကို ၅ မှတ်ဖြတ်ပြီး အာဆင်နယ်အသင်း ဦးဆောင်

အာဆင်နယ်အသင်းဟာ ဒီကနေ့ မနက်ပိုင်းက ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အနီးဆုံးပြိုင်ဘက် မန်စီးတီးကို ၅ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။
အစောပိုင်းပွဲစဉ်မှာ မန်စီးတီးက ဘရန့်ဖို့ဒ်ကို ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်က ဝုဗ်အသင်းကို ဖိဖိစီးစီးကစားခဲ့ပြီး လိုအပ်တဲ့ အနိုင်သုံးမှတ်ကို အမှားအယွင်းမရှိ ရယူနိုင်ခဲ့တာပါ။
အာဆင်နယ်ဟာ ပထမပိုင်းမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ အသင်းခေါင်းဆောင် အိုဒီဂတ်က ၂ ဂိုးဆက်တိုက် သွင်းယူပေးခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် စုစုပေါင်း ၁၄ ပွဲ ကစားအပြီးမှာ ၁၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးရလဒ်နဲ့ ၃၇ မှတ် ရရှိ ထားတဲ့ အာဆင်နယ်အသင်းဟာ ၃၂ မှတ်ရရှိထားတဲ့ မန်စီးတီးအပေါ် ၅ မှတ်ဖြတ်ပြီး အသာစီးရယူနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအပါအဝင် ကလပ်အသင်းပွဲစဉ်တွေကို တလနီပါး ရပ်ဆိုင်းထားမှာပါ။
အာဆင်နယ်ဟာ ခရစ္စမတ်ကာလအလွန်အထိ အမှတ်ပေးဇယားနံပါတ် ၁ နေရာ ဆက်ပြီး ရပ်တည်ဖို့ သေချာသွားခဲ့ပါတယ်။