close

One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ရင် အဝါကတ်ပြမည်ဟု ဖီဖာခြိမ်းခြောက်

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံးအသင်းခေါင်းဆောင်တချို့ ဝတ်ဆင်မယ့် One Love စာသားပါ အသင်းခေါင်းဆောင် လက်ပတ်တွေကို ဝတ်ဆင်မယ်ဆိုရင်  အဝါကတ်ပြသဖို့ ဖီဖာတာဝန်ရှိသူတွေဟာ စီစဉ်နေပါတယ်။

အဲဒီ အသင်းခေါင်းဆောင်လက်ပတ်ဟာ ကာတာနိုင်ငံက ပိတ်ပင်ထားတဲ့ လိင်တူချစ်သူများ အခွင့်အရေးတွေကို ဆန့်ကျင့်ကန့်ကွက်တဲ့ အနေနဲ့ အသင်းခေါင်းဆောင် ၉ ဦးက ဝတ်ဆင်ကစားဖို့ ရှိတာပါ။

ဖီဖာဘက်ကတော့ အဲဒီအသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ပြီးကစားမယ်ဆိုရင် အသင်းဝတ်စုံ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာဖြစ်လို့ ပွဲမစခင်ကတည်းက အဝါကတ်ပြသသွားဖို့ ရှိနေတာပါ။

One Love အသင်ခေါင်းဆောင် လက်ပတ်ဝင်မယ့် အသင်းတွေထဲမှာ အင်္ဂလန်အသင်းလည်း ပါဝင်ပြီး ဟယ်ရီကိန်းအနေနဲ့ ပွဲမကစားခင်မှာပဲ အဝါကတ် ပြသခံဖို့ ရှိနေတာပါ။

အင်္ဂလန် အက်ဖ်အေဘက်ကတော့ ဖီဖာနဲ့ ဆွေးနွေးညှိနှိုင်းနေပြီး အဆင်ပြေမယ့် နည်းလမ်းကို ရှာဖွေဖို့ ရှိပါတယ်။

အလားတူ ဥရောပအသင်းအများစုကလည်း One Love အသင်းခေါင်းဆောင်လက်ပတ်ကို တရားဝင် ဝတ်ဆင်ကစာခွင့်ရဖို့ ဖီဖာနဲ့ ညှိနိူင်းနေဆဲ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up