ဒဏ်ရာရ မာနေးကို ဆီနီဂေါအသင်းတွင် ဆက်လက်ရွေးချယ်မည်

ဆီနီဂေါအသင်းဟာ ဒဏ်ရာရရှိနေတဲ့တိုက်စစ်မှူးမာနေးကို ဆက်လက်ရွေးချယ်သွားဖို့ စီစဉ် နေတယ်လို့သိရပါတယ်။
မာနေးဟာ ဘိုင်ယန်မြူးနစ်ကဝါဒါဘရီမင်ကို အနိုင်ရတဲ့ပွဲမှာဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားကိုလွဲချော်ဖို့ များနေတာပါ။
ဒါပေမဲ့ဆီနီဂေါအသင်းတာဝန်ရှိသူတွေကတော့ မာနေးရဲ့ဒဏ်ရာကိုအဆင်ပြေတဲ့နည်းလမ်းနဲ့ အမြန်ဆုံးသက်သာဖို့ ကုသ ပေး နေပြီး ကမ္ဘာ့ဖလားလူစာရင်းမှာလည်း ထည့်သွင်းရွေးချယ်သွားမယ်လို့သိရပါတယ်။
မာနေးဟာ ပြီးခဲ့တဲ့နှစ် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရွေးချယ်ရာမှာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့သူပါ။
ဆီနီဂေါအသင်းအတွက် အားအထားရဆုံးကစားသမားဖြစ်ပြီး ကမ္ဘာ့ဖလားမှာပါဝင်ကစားနိုင်ဖို့ ဆီနီဂေါ အသင်းဘက်ကမျှော်လင့်ထားဆဲဖြစ်ပါတယ်။