close

ကမ္ဘာ့ဖလားပွဲဝင် အမေရိကန်ဘောလုံးသမားများကို သမ္မတ ဘိုင်ဒင် အားပေးစကားပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၂၁ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ကမ္ဘာ့ဖလားပွဲစဉ်အတွက် အမေရိကန်ဘောလုံးသမားတွေ  ပြင်ဆင်နေချိန်မှာ အသင်းသားတွေကို တယ်လီဖုန်းခေါ်ဆိုပြီး အားပေးဆုတောင်းစကား ပြောခဲ့ပါတယ်။

အမေရိကန်အသင်းဟာ ဝေးလ်၊ အင်္ဂလန်၊ အီရန်အသင်းတို့နဲ့အတူ အုပ်စုဘီမှာ ကျရောက်နေပြီး သမ္မတဘိုင်ဒင်က သူ့ရဲ့ ကစားသမားတွေကို အားပေးစကား ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အီရန်နဲ့ ဝေးလ်အသင်းထက် အမေရိကန်အသင်းက ပရိသတ်အကြိုက်ပိုတွေ့ပေမဲ့ လာမယ့် နိုဝင်ဘာ ၂၅ ရက်မှာတော့ နာမည်ကြီး အင်္ဂလန်အသင်းကို ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေပါတယ်။

အမေရိကန်အသင်းအတွက် ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်ခဲ့ပြီးနောက် အခု ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမား တေလာအဒမ်က သင်းခေါင်းဆောင် အဖြစ် ဦးဆောင်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ ဝေးလ်အသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားသွားမှာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up