close

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်နှင့် နယ်သာလန်တို့နိုင်ပွဲရ၊ အမေရိကန်နှင့် ဝေးလ်သရေကျ

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နိုဝင်ဘာ ၂၁ ရက်ညပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ကစားကြရာမှာ အင်္ဂလန်အသင်းနဲ့ နယ်သာလန်အသင်းတို့ နိုင်ပွဲရပြီး အမေရိကန်အသင်းနဲ့ ဝေးလ်အသင်းတို့က သရေပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။

မနေ့ည အစောပိုင်း အုပ်စု (B ) ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းကတော့ အာရှကိုယ်စားပြု အီရန်အသင်းကို (၆-၂) ဂိုးနဲ့ အနိုင်ရသွားပါတယ်။ 

အင်္ဂလန်အတွက် အနိုင်ဂိုးတွေကိုတော့   ပွဲချိန် ၃၅ မိနစ်မှာ ဘယ်လင်ဂမ်၊ ပွဲချိန် ၄၃ မိနစ်နဲ့ ၆၂ မိနစ်မှာ ဆာကာ၊ ပွဲချိန် ၄၅ မိနစ်ကျော်မှာ စတာလင်း၊ ပွဲချိန် ၇၁ မိနစ်မှာ ရက်ရှ်ဖို့ဒ်၊ ပွဲချိန် မိနစ် ၉၀ မှာ ဂရီးလစ်ရှ်တို့က အသီးသီးသွင်းယူပေးခဲ့ကြတာပါ။

အီရန်အတွက်တော့ တရီမီက ပွဲချိန် ၆၅ မိနစ်မှာ တဂိုးသွင်းယူပေးခဲ့ပြီး ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၁၃ မိနစ်မှာ ပင်နယ်တီသွင်းဂိုးကနေတဂိုး ချေပဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အုပ်စု (B ) တခြားပွဲစဉ်တခုမှာတော့  အမေရိကန်နဲ့ ဝေးလ်အသင်းတို့ တဖက်တဂိုးစီနဲ့ သရေကျပြီး တမှတ်စီခွဲယူခဲ့ကြပါတယ်။ 

ဒီပွဲစဉ်မှာ အမေရိကန်က ဘောလုံးပိုင်ဆိုင်မှုတွေပိုရခဲ့ပြီး ဝေးလ်အသင်းကတော့ ဂိုးပေါက်ကန်သွင်းခွင့် တွေပိုရခဲ့ပါတယ်။  ပထမပိုင်းပွဲချိန် ၃၆ မိနစ်မှာ အမေရိကန်က ဝီးယာက ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၈၂ မိနစ်မှာတော့ အမေရိကန် နောက်ခံလူက ဂါရတ်ဘေးလ်ကို ဖျက်ထုတ်ရာမှာ ပင်နယ်တီပေးခံခဲ့ရကာ ဂါရတ်ဘေးလ်ကပဲ ကန်သွင်းယူနိုင်ခဲ့လို့ တဖက် တဂိုးစီ သရေနဲ့ ပွဲပြီးသွားခဲ့ပါတယ်။ 

အုပ်စု (A) ပွဲစဉ်က နယ်သာလန်အသင်းနဲ့ ဆီနီဂေါတို့ ပွဲစဉ်မှာတော့ နယ်သာလန်အသင်းက  (၂-၀) နဲ့ အနိုင်ရပြီး  အနိုင် ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။ နယ်သာလန်အတွက် အနိုင်ဂိုးတွေကိုတော့ ဂတ်ပိုက ဒုတိယပိုင်း ပွဲချိန် ၈၄ မိနစ်မှာသွင်းယူပေးခဲ့ပြီး ကလာဆန်က ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၉ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲစဉ်တွေအပြီးအမှတ်ပေးဇယား  အုပ်စု (A) မှာ  နယ်သာလန်က အုပ်စုပထမ ၊ ဆီနီဂေါက အုပ်စု ဒုတိယ နေရာမှာရပ်တည်နေပြီး  အုပ်စု (B) မှာတော့  အင်္ဂလန်က အုပ်စု ပထမ၊  အမေရိကန်အသင်းနဲ့ ဝေးလ်အသင်းတို့က ရမှတ်တူ အုပ်စု ဒုတိယနဲ့ တတိယနေရာအသီးသီးမှာ ရပ်တည်နေပါတယ်။ 

Photo Credit- England Football Team

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up