close

အလှမယ်ဟန်လေး ကနေဒါတွင် နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကျင်းပ (ဓာတ်ပုံ)

ကနေဒါရောက် မြန်မာအလှမယ်ဟန်လေးနဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေ စုပေါင်းဖျော်ဖြေကြတဲ့ Star Power ရန်ပုံငွေရှာဂီတဖျော်ဖြေပွဲကို  ကနေဒါနိုင်ငံ၊ ဗန်ကူးဗားဒေသ၊ ဆာရေးမြို့ရှိ ကွန်မြူနတီစင်တာမှာ ဒေသအချိန် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ကျင်းပပါတယ်။

Myanmar Ethnic Group နဲ့ 2021 Burmese Action Group Vancouver (BAGV) အဖွဲ့တို့က စီစဉ်တဲ့ဒီပွဲမှာလူပေါင်းရာနဲ့ချီပါဝင်ဆင်နွှဲခဲ့ကြပြီး ဝါသနာရှင်တွေက  တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေကြသလို ကံစမ်းမဲနှိုက်ပွဲနဲ့ မြန်မာစားသောက်ဖွယ်ရာမျိုးစုံ ဈေးရောင်းပွဲကိုလည်း ကျင်းပပါတယ်။

ဝင်ကြေး တယောက် ၁၀ ဒေါ်လာနဲ့ ကျင်းပတဲ့ ဒီဖျော်ဖြေပွဲက ရရှိလာတဲ့ ရန်ပုံငွေတွေကို နွေဦးတော်လှန်ရေး၊  မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up