ဝန်ကြီးချုပ်ဟောင်း စကော့ မောရစ်ဆင်ကို သြစတြေးလျပါလီမန် ပြစ်တင်

သြစတြေးလျပါလီမန်က လစ်ဘရယ်ဝန်ကြီးချုပ်ဟောင်း စကော့ မောရစ်ဆင်ကို ပြစ်တင်ဝေဖန်ဖို့ နိုဝင်ဘာ ၃၀ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း မောရစ်ဆင်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဝန်ကြီးဌာန အများအပြားကို လျှို့ဝှက်ခန့်အပ်မှု လုပ်ဆောင်ထားပြီး အစိုးရတွင်း ယုံကြည်မှု ပျက်ပြားစေကြောင်း စုံစမ်းတွေ့ရှိခဲ့ပါတယ်။
မေလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး အာဏာလက်လွတ်ဖြစ်သွားတဲ့ မောရစ်ဆင်ဟာ ကပ်ရောဂါကာလအတွင်း ကျန်းမာရေး၊ ဘဏ္ဍာရေး၊ ငွေကြေးပိုင်း၊ အရင်းအမြစ်ပိုင်းနဲ့ ပြည်တွင်းရေးကဏ္ဍတွေမှာ ဝန်ကြီးအဆင့် ၅ နေရာကို လျှို့ဝှက် ဖွဲ့စည်းခဲ့တာပါ။
အာဏာရ လေဘာပါတီက ဦးဆောင်တင်သွင်းတဲ့ သမိုင်းဝင်အဆိုကို နိုင်ငံရဲ့ အောက်လွှတ်တော်မှာ ၈၆ မဲထဲက ၅၀ မဲနဲ့ အတည်ပြုခဲ့ပြီး ပါလီမန်က ဝန်ကြီးချုပ်ဟောင်းကို ပြစ်တင်ရှုတ်ချတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
မောရစ်ဆင်ကတော့ သူဟာ BPH စွမ်းအင်ကုမ္ပဏီရဲ့ PEP-11 ဓာတ်ငွေ့ရှာဖွေရေး စီမံကိန်းကို တားဆီးဖို့ တကြိမ်သာ အာဏာကို အသုံးပြုခဲ့ကြောင်း ပြောပါတယ်။